ခရစ်ယာန်ရှုဒေါင့်မှပညာရေးနှင့်ဈေးကွက်ကိုလေ့လာခြင်း
_ဒေါက်တာအိုင်းစတိုင်းက ဘာသာရေးမပါသော် အကန်းနှင့်တူ၏။ သိပံ္ပပညာသည်
အကန်းနှင့်တူ၏။ သိပ္ပံပညာမပါသော ဘာသာရေးသည် အကျိုးနှင့်တူသည်ဟု ဆိုခဲ့သည်။
မြန်မာ့ဓလေ့တွင် ပထမအရွယ်၌ ပညာရှာခြင်း၏ ရည်ရွယ်ချက်မှာ ဒုတိယအရွယ်၌
ဥစ္စာရှာရန် ဖြစ်သည်။ ဤစာတမ်းငယ်တွင် ပညာရေးနှင့် ဈေးကွက်၏ ဆက်စပ်မှုကို
ခရစ်ယာန်ရှုထောင့်မှ တတ်နိုင်သမျှ တင်ပြပါမည်။ မျက်မှောက်ခေတ် ပညာရေးကို
Formal Education, Non-formal Education နှင့် Informal Education ဟူ၍
(၃)မျိုးခွဲခြားလေ့ရှိပါသည်။ ပညာရေးစနစ်သည် အလုပ်အကိုင်ဈေးကွက်နှင့်
ကုန်စည်ဈေးကွက်တို့အတွက် Job Creator နှင့် Job Seeker များကို မွေးထုတ်
ပေးနိုင်ပါသည်။
(က) မျက်မှောက်ခေတ် Formal Education ထက် Non-formal Education က အလုပ်အကိုင်ရရှိရေး ပို၍ အထောက်အကူပြုသည်ဟု ဝေဖန်သူများရှိပါသည်။ တက္ကသိုလ်ပညာရေးသည် လူ့အဖွဲ့အစည်းကို အကျိုးပြုသော ပညာအမျိုးမျိုး ရရှိနိုင်ကြောင်း သိရပါမည်။ ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ခေတ်ပညာကို အသုံးပြုသူများဖြစ်ရပါမည်။ (ယာကုပ် ၃း ၁၇)
(ခ) ယနေ့ ခရစ်ယာန်လူငယ်များသည် ပညာရေးအခွင့်အလမ်းများကို မှန်ကန်ထိရောက်စွာ ရွေးချယ်တတ်စေရန် အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများက ပညာရေးလမ်းညွှန်အစီအစဉ်များ ပြုလုပ်ပေးသင့်ပါသည်။ အခြေခံပညာအလယ်တန်း အောင်မြင်ချိန်မှစ၍ အသက်မွေးမှုဘဝ (Career) တည်ဆောက်တတ်စေရန် လမ်းညွှန်သင့်ပါသည်။ ပညာရေးထောက်ပံ့မှုများ ရစေရန်လည်း လမ်းညွှန်မှုအစီအစဉ်များ လိုအပ်ပါသည်။ (သုတ္တံ၂၂း၆)
(ဂ) ခရစ်ယာန် ကျောင်းသူ/သားများသည် မိမိ၏ ပညာရေးပန်းတိုင်သို့ အောင်မြင်ထူးချွန်စွာ ရောက်ရှိနိုင်ရန် ခရစ်ယာန်ဓမ္မပညာ လိုအပ်ပါသည်။ ခရစ်ယာန်ယုံကြည်ခြင်းနှင့် အသက်ရှင်မှုကို ထိန်းသိမ်းတတ်ရန် လမ်းညွှန်ပဲ့ပြင်ရပါမည်။ အဆင့်မြင့်ပညာများ ဆည်းပူးနေစဉ် ကိုယ့်ကိုကိုယ် တန်ဘိုးထားသူများဖြစ်စေရန်၊ ဘုရားသခင်၏ဘဏ္ဍာများဖြစ်သော အချိန်၊ ငွေကြေး၊ စွမ်းရည်နှင့် သဘာဝဝန်းကျင်များကို စောင့်ရှောက်တတ်သော ဘဏ္ဍာစိုးကောင်းများဖြစ်စေရန် ရူပါရုံနှင့်ကြိုးစားတတ်သော လူငယ်များဖြစ်စေရန် ကူညီပေးရပါမည်။ (ကမ္ဘာ ၁း ၂၈၊ ၁ကော ၄း ၂)
(ဃ) ၂၁ရာစုတွင် ကမ္ဘာအနှံ့ ပြန့်ပွားနေသောယဉ်ကျေးမှုမှာ Greed-based-Culture ဖြစ်သည်။ အမြတ်ကို ပဓာနထားခြင်း၊ သယံဇာတများကို စည်းကမ်းမဲ့စွာ အသုံးပြုနေခြင်းတို့သည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်နေပြီး လူ့အဖွဲ့အစည်းအတွင်း၌ အချင်းချင်း စာနာထောက်ထားရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဟန့်အတား ဖြစ်စေသည်။ ပညာတတ်ဘွဲ့ရ ခရစ်ယာန်များသည် Job Creator များ ဖြစ်လာသောအခါ ဘုရားသခင်နှစ်သက်သော အရာရှိများ၊ လုပ်ငန်းရှင်များဖြစ်စေရန် ပြင်ဆင်တည်ဆောက်ရပါမည်။ (လုကာ ၁၂း ၁၅)
(င) ဘွဲ့ရ ခရစ်ယာန်များသည် Job seeker များလည်း ဖြစ်လာမည်။ အလုပ်အကိုင်ဈေးကွက်ထဲသို့ ဝင်ရောက်သောအခါ ခရစ်ယာန်ကျင့်ဝတ်အတိုင်း အသက်ရှင်ခွင့်ရရှိမည့် အလုပ်အကိုင်များကို ဦးစားပေး၍ ရှာဖွေပါမည်။ ဆက်လက်ပညာဆည်းပူးခွင့်ရှာဖွေလျှက် ပညာခေတ် Knowledge Age ၌ ရင်ဘောင်တန်းနိုင်သော ဝန်ထမ်းများဖြစ်အောင် ကြိုးစားရပါမည်။
နိဂုံးချုပ်အားဖြင့် ပညာတတ်ခရစ်ယာန်များသည် နိုင်ငံတကာဈေးကွက်၏ အဖြည့်ခံများ မဖြစ်သင့်ပါ။ ဈေးကွက်အသိုင်းအဝိုင်း Market Place တွင် ဘုရားသခင်၏ အလိုတော်ကို အကောင်အထည်ဖော်သောသူများ ဖြစ်ကြရပါမည်။
တင်ပြသူ
ဒေါက်တာစောစေးခူ
မှီငြမ်းကိုးကားစာရင်း
(၁) ဒေါက်တာလေးစန္ဒာ(ကထိက၊သတ္တဗေဒဌာန) “ယနေ့မျက်မှောက်တွင် တက္ကသိုလ်ဆရာ/မများသည် တက္ကသိုလ်အပြင် ဓမ္မပညာရပ်ကိုပါ တတ်ကျွမ်းရန်လိုပြီဖြစ်ကြောင်း”
“ပညာရေးဆိုင်ရာဆွေးနွေးပွဲ၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ်”
၂၀၀၅ခုနှစ်သြဂုတ်လ(၁၇-၈)ရက်
(၂) ဆရာဦးလင်းစိန် “သိမှုပညာ”
(၃) Statement on just finance and the economy of life, the Central Committee of World Council of Churches, 26 August -2September 2009, Geneva, Switzerland.
(၄) John Whittet, “Modern Higher Education: The Pros and Cons of an increasingly Career-Focused Education” http://baseq.newsivine.com/-news/ Mon Aug7, 2006

မျက်မှောက်ခေတ်သာသနာပြုရေးလမ်းစဉ်
_
၂၀ရာစုဆန်းပိုင်းတွင် ခရစ်ယာန်သာသနာပြုအဖွဲ့အစည်းများ တွေ့ဆုံစည်းဝေးကြပြီး သာသနာပြုလမ်းစဉ်များကို သုံးသပ်ကြသည်။ Protestant အဖွဲ့များ၏ နှီးနှောဖလှယ်ပွဲများမှ သာသနာပြုပုံစံသစ်များကိုဖော်ထုတ်ကြသည်။ ရောမ ကက်သလစ်အသင်းတော်တွင်လည်း ၁၉၆၂-၁၉၆၅ အတွင်းပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀ရာစုအတွင်းခရစ်ယာန် သာသနာပြုရေးဓမ္မအတွေးအခေါ် (Mission Theology) များရှုထောင့်အမျိုးမျိုးမှ ပေါ်ထွက်ခဲ့ပါသည်။ ယနေ့၂၁ ရာစုတွင် ခရစ်ယာန်သာသနာပြုခြင်း၌ အောက်ဖော်ပြပါအကြောင်းအရာများ ပါဝင်ပါသည်။
(က) Stewarding Creation- ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာမြေကြီးကိုထိန်းသိမ်းစောင့်ရှောက်ခြင်းသည်ဘုရားပေးသော Mission ဖြစ်သည်။ (ကမ္ဘာ၁း၂၆-၃၀) ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုတားဆီးခြင်း၊ သဘာဝဘက်မျှမှုကိုထိန်းသိမ်းခြင်းတို့ပါဝင်ပါ သည်။ (ခ) Social Service- အကူအညီလိုအပ်နေသောလူသားများကို အစေခံဝန်ထမ်းရန် ခရစ်တော်အလိုရှိပါသည်။ (မာကု၁း၂၆-၃၀) ဆင်းရဲသူများ၊ သဘာဝဘေးဒဏ်ခံရသူများ၊ မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများကို ကူညီရပါမည်။ သတိပြုရန်ရှိသည်မှာလူမှု ဝန်ထမ်းခြင်းကိုသာ ဆောင်ရွက်ပြီး ခရစ်တော်ပေးသောတခြားတာဝန်များကို ပစ်ပယ်သည့်အစွန်းရောက် အတွေးအခေါ်များ လည်းပေါ်ထွက်နေပါသည်။ (ဂ) Evangelism- ယေရှုခရစ်တော်၏ ကယ်တင်ခြင်းတရားကို အပြောအဆိုအပြုအမူ(words and deeds) များအားဖြင့်သက် သေခံကြသည်။(မဿဲ၂၈း၁၉-၂၀)၂၀ရာစုတွင် Cross Cultural Theology ကိုဖော်ထုတ်ခဲ့ပြီးရေခံမြေခံနှင့်လျော်ညီစွာ ဧဝံဂေလိ တရားကိုသက်သေခံကြပါသည်။ ဒေသခံယဉ်ကျေးမှုကို အလေးမထားသောကြောင့် အတိတ်တွင်ဖြစ်ခဲ့သောအမှားများကို ပြင် ဆင်လာကြပါသည်။ (ဃ) Social Justice- ယေရှုခရစ်တော်သည် မတရားပြုခံရသောလူများဘက်မှ ရပ်တည်ပေးခဲ့သည်။ (လုကာ၎း၁၈-၁၉) ခရစ် ယာန်များသည် လူသားအခွင့်အရေးဆုံးရှုံးနေသောသူများကို ကူညီရန်လိုအပ်ပါသည်။ (င) Peace & reconciliation- သခင်ယေရှုသည် ငြိမ်းချမ်းခြင်းနှင့်ပြန်လည်သင့်မြတ်ခြင်းကို အလိုတော်ရှိပါသည်။ (မဿဲ၅း၉) လူမျိုးရေးမုန်းတီးမှုများနှင့် နိုင်ငံရေးပဋိပက္ခများဖြေရှင်းနိုင်ရန် ကူညီရပါမည်။ အချုပ်အားဖြင့်ဆိုရလျှင် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဘုရားသခင်ပေးအပ်သည့် တာဝန်များကို ခရစ်ယာန် တစ်ဦးခြင်း အနေဖြင့်လည်းကောင်း၊ အသင်းတော်များအနေဖြင့်လည်းကောင်း ဆောင်ရွက်ကြရပါမည်။ ခေတ်နှင့်လျော်ညီသော သာသနာပြုနည်းစနစ်များကိုလည်း ဖော်ထုတ်ကြရပါမည်။

အစွန်းရောက်ခရစ်ယာန်များအကြောင်းသိမှတ်ဖွယ်ရာ
မြန်မာနိုင်ငံသို့၂၀၁၂ခုနှစ်မှစ၍ကမ္ဘာအရပ်ရပ်မှစီးပွားရေး၊လူမှုရေး၊ ပညာရေး၊ကျန်းမာရေးအဖွဲ့အစည်းများတစထက်တစ၀င်ရောက်လာ သလိုကမ္ဘာအရပ်ရပ် မှသွန်သင်ချက်အမျိုးမျိုးဖြင့် ဘာသာရေးအဖွဲ့အစည်းအမျိုးမျိုးလည်းဝင်ရောက်လာတော့မည်ဖြစ်ပါသည်။ ထို့သို့ဝင်ရောက်လာမည့်ဘာသာရေးအဖွဲ့အ စည်းများထဲတွင် မှားယွင်းသောသွန်သင်ချက်များဖြင့်ငွေကြေးအမြောက်အများအသုံးပြုပြီး ၀င်ရောက်လာမည့်အဖွဲ့အစည်းများလည်းရှိပါသည်။ တစ်ဖက်တွင် လည်းကျွန်ုပ်တို့၏အခြေအနေသည် ပင်ပန်းကြပ်တည်းစွာဖြင့်လုပ်ကိုင် ရှာဖွေစားသောက်နေကြရခြင်း၊ အပေါ်ယံယုံကြည်မှုများကအလေးသာနေခြင်း များကြောင့်ရေကန်အသင့်ကြာအတင့်ဟု ဆိုရမလား၊ ဇရက်တောင်ပံကျိုးနှင့်ကြောင်ခံတွင်းပျက်ဟုပြောရမလားပင်မဆိုတတ်တော့ပါ။ ထို့ကြောင့် ဤသို့ကြောက်မက်ဖွယ်ရာကောင်းသောအစွန်းရောက်အယူအဆများကို ချိန်ဆနိုင်ရန်၊ခွဲခြားနိုင် ရန်နှင့်ရှောင်ကျဉ်နိုင်ရန်အတွက်လက်လှမ်းမှီသမျှစု စည်းဖေါ်ပြပေးခြင်းဖြစ်ပါသည်။ ဤမှားယွင်းသောသွန်သင်ချက်များအား အချိန်မှီတားဆီးရန်ခရစ်ယာန်အဖွဲ့အစည်းရှိခေါင်းဆောင်များ၊အသင်းတော်၏သင်း အုပ်ဆရာ/မများ၊ဓမ္မ၀န်ဆောင်များ၏တာဝန်သာမက အသင်းသား/သူတစ်ရပ်လုံး၏တာဝန်လည်းဖြစ်ပါသည်။ ဤသို့သောအဖြစ်အပျက်များသည် ယနေ့ခောတ်၌ပင်မဟုတ်ပါ တမန်တော်ကြီးရှင်ပေါလုလက်ထက်ကတည်းကပင် ရှိခဲ့ကြောင်းသမ္မာကျမ်းစာ၌တွေ့ရပါသည်။ (ဂလာတိ၊၁း၆-၈)တွင် “ခရစ်တော်၏ကျေးဇူးတော်အားဖြင့်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤ မျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧ၀ံဂေလိတရားကိုခံယူ ကြသောကြောင့် ငါသည်အံ့သြခြင်းရှိ၏”“ထိုဧ၀ံဂေလိတရားသည် ဧ၀ံဂေလိတရားမဟုတ် သင်တို့ကိုနှောင့်ယှက်၍ခရစ်တော်၏ဧ၀ံဂေလိတရား ကိုမှောက်လှန်ချင်သောသူအချို့ရှိကြ၏။ သို့သော်လည်းသင်တို့အားငါဟောပြောသောဧ၀ံဂေလိတရားမှတပါး အခြားသောဧ၀ံဂေလိတရားကို ငါဟောပြောသော်လည်းကောင်း၊ကောင်းကင်ဘုံမှ လာသောကောင်းကင်တမန်ဟောပြောသော် လည်းကောင်း၊ဟောပြောသောသူသည်ကျိန်တော်မူခြင်း ကိုခံစေ။”ဟုဂလာတိအသင်းတော်အား တမန်တော်ကြီးရှင်ပေါလုကသတိပေးထားကြောင်းတွေ့မြင်နိုင်သည်။လောကတွင်အယုံလွယ်သော သူများသည် အလိမ်အများဆုံးခံရသူများဖြစ်သည်။ ထို့ကြောင့်ဘယ်အကြောင်းအရာမဆိုဘုရားပေးထားသော ဆင်ခြင်ဥာဏ်ဖြင့်စဉ်းစားဆင်ခြင်တတ်ဖို့လိုပေသည်။ ကျွန်ုပ်တို့အားလုံးသည်လူသားဖြစ်သည့်အားလျှော် စွာအမှားများမကြာခဏပြုတတ်ကြပါသည်။ သို့သော်အမှားအားလုံးသည်သေစေနိုင်သောအရာမဟုတ်ပါ။ ဓမ္မဆရာ၊တရားဟောဆရာ/မများ၊ခရစ်ယာန်ခေါင်းဆောင်များပြုတတ်သောဘာသာရေးအယူအဆ အမှား(အစွန်းရောက်ဘာသာရေး အယူအဆ)များသည် လူ့အသက်ကိုသေစေနိုင်သည်သာမက လူ့ဝိညာဉ်ကိုပါထာဝရဆုံးရှုံးစေပါသည်။လွန်ခဲ့သောဆယ်စုနှစ်(၃)စုအတွင်းကရာထောင်ချီသောလူများ တို့သည်ဘာ သာရေးလောကထဲပါဝင်ပက်ပြီးအစွန်းရောက်ခဲ့သောကြောင့်အသက်ဆုံးရှုံးခဲ့ကြရသည်။ တနည်းအားဖြင့်ဆိုသော် မှားယွင်းသောဘာသာရေးအယူအဆများ ကိုသွန်သင်ကြသောဘာသာရေးခေါင်းဆောင်များနောက်သို့ လိုက်ခဲ့သောကြောင့်၊ ယုံကြည်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အဆိုးဆုံးမှာ-ထိုမှား ယွင်းသောသွန်သင်ချက်များကိုသွန်သင်ခဲ့သောခေါင်းဆောင်များကိုကိုးကွယ်ကြခြင်း ပင်ဖြစ်သည်။
အစွန်းရောက်သူများ၌တွေ့ရှိရသောအချက်များ(သာမန်အားဖြင့်)
၁။သမ္မာကျမ်းစာမှဖေါ်ပြချက်များကိုတလွဲမှီငြမ်းခြင်း။
၂။နာက်ခံသမိုင်း၊အခြေအနေအချိန်အခါဆက်စပ်မှုမရှိသောသမ္မာကျမ်းစာမှအကြောင်းအရာများနှင့် ကျမ်းပိုဒ်များ ကိုယှဉ်တွဲပေါင်းစပ်အသုံးပြုခြင်း။
၃။သမ္မာကျမ်းစာလွဲမှားစွာ(ကျမ်းစာအုပ်ကိုလက်ဖွဲ့အဆောင်သဖွယ်)အသုံးပြုခြင်း။
၎။ကျမ်းပိုဒ်၏သွန်သင်ချက်များကိုအစမှအဆုံးမခံယူ၊ အဆုံးသတ်ကျမ်းချက်များကိုလည်းဂရုမစိုက် မိမိလို ရာသို့ ဆွဲယူပြောဆိုခြင်း။
၅။လူနည်းစုမျှသာနားလည်နိုင်သောဘာသာစကားပြောဆိုခြင်း၊ ဘာသာပြန်ဆိုခြင်းများပေးတတ်ခြင်း။
၆။ သမ္မာကျမ်းစာကိုသေးသိမ်အောင်ပြုလုပ်ခြင်း။
၇။အခြားသောဘာသာတရားများမှအချက်များနှင့်နှိုင်းယှဉ်ကာတူညီပါသည်ဟု(ရောသမမွှေ)ပြောခြင်း။
၈။သမ္မာကျမ်းစာထဲမှကျမ်းစကားများအားအသစ်သွင်းခြင်း၊နှုတ်ပယ်ခြင်း။
၉။သမ္မာကျမ်းစာထဲတွင်အပိုဖြည့်စွက်မှုများပြုလုပ်ခြင်း၊ သို့တည်းမဟုတ်ဗျာဒိတ်တော်များကိုအလွန်ကောင်း မွန်ကြောင်း၊အလွန်ထူးခြားသောထိုးထွင်းသိနိုင် မှုများနှင့်သမ္မာကျမ်းစာကိုနားလည်နိုင်ပါကြောင်းပြောဆိုခြင်း။
၁၀။သမ္မာကျမ်းစာမှဆိုလိုရင်းများကိုအလွဲနားလည်စေခြင်း၊မှားယွင်းသောသတင်းများပေးခြင်းတို့ဖြစ်ပါသည်။
၁၁။ဘုရားသခင်အပေါ်ယုံကြည်ကိုးစာလာတတ်ရန် သွန်သင်ခြင်းထက်မိမိအပေါ်ယုံကြည်စိတ်ချအားကိုးလာစေရန် ရည်ရွယ်ချက်ဖြင့်သွန်သင်ခြင်း ၊စည်းရုံးခြင်း။ မိမိကိုယ်မိမိယေရှုခရစ်တော်ဖြစ်သည်ဟုပြောဆိုခဲ့သူများအောက်ဖေါ်ပြပါစာရင်းတွင် ပါဝင်သောသူများသည် ထင်ပေါ်ကျော်ကြားသူ များဖြစ်ကြပြီး မိမိကိုယ်မိမိဖြစ်စေ၊နောက်လိုက်များအားဖြစ်စေ “ယေရှုခရစ်တော်ဝင်စားခြင်း”“ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း”ဖြစ်သည် ဟုပြောဆို ခဲ့သောသူများဖြစ်ကြသည်။ ထိုသူများကိုကြည့်ခြင်းဖြင့်လွဲမှားသောသွန်သင် သူများအား ခွဲခြားတတ်ရန်အတွက်အထောက်အကူ ဖြစ်စေပါလိမ့်မည်။
၁၉-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ
John-Nichols-Thom(1799-1838) မိမိကိုယ်ကိုမိမိကမ္ဘာကြီးအားကယ်တင်မည့်သူ၊ ယေရှုခရစ်တော်ပြန်လည်ဝင်စားသူ၊သန့်ရှင်းသောဝိညာဉ်တော်၏ဗိ မာန်တော်သည်သူ၏ခန္ဓာကိုယ်ဖြစ်သည်ဟု (၁၈၃၄)ခုနှစ်တွင်ကြေငြာခဲ့သူဖြစ်သည်။အင်္ဂင်္ လန်နိုင်ငံ၊ကန့်မြို့တွင်၁၈၃၈ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင်ဗြိတိသျှ စစ်သားများ၏အသေသတ်ခြင်းကိုခံခဲ့ရသည်။
Arnold Potter(1804-1872)
သူ့ကိုယ်သူယေရှုခရစ်တော်၏၀ိညာဉ်တော်သည်သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး၊သူသည်အသက်ရှင်တော် မူသောဘုရားသခင်၏သားတော် (Potter Christ)ဖြစ်လာသည်ဟုကြေငြာခဲ့သည်။ထိုသူသည်တောင်ထိပ်ပေါ်မှနေ၍ကောင်းကင်သို့ပြန်တက်ရန်ကြိုးစားနေစဉ် တောင်ပေါ်မှပြုတ်ကျပြီးသေဆုံးသွားခဲ့ သည်။ထိုသူ၏ရုပ်အလောင်းကိုသူ၏နောက်လိုက်တပည့်တပန်းများကကောက်ယူမြုတ်နှံခဲ့သည်။
Baha’u’llah(1817-1892) ကမ္ဘာပေါ်ရှိဘာသာတရားများ၏အနာဂတ်တွင်ပေါ်ထွန်းလာမည့်ကတိတော်ပေးထားသောသူတစ်ဦး ဖြစ်ကြောင်းကြော်ငြာခဲ့သည်။ သူသည် Baha ယုံကြည်မှု ကို(၁၈၆၆)ခုနှစ်တွင်တည်ထောင်ခဲ့သည်။ သူ၏နောက်လိုက်တပည့်တပန်းများကသူ့အား ခရစ်တော်ဒုတိယအကြိမ်ကြွလာမည်ဟု ပရောဖက်ပြုချက် အားပြည့်စုံစေသောသူဟူ၍လည်းကောင်း၊ ပဉ္စမမြောက်အရိမေတျယျမြတ်စွာဘုရားကြွလာမည်ဟုပရော ဖက်ပြုထားခြင်းအားပြည့်စုံစေသောသူဖြစ်သည်ဟူ ၍လည်းကောင်းယုံကြည်ကြသည်။
William W.Davies(1833-1906)
ကောင်းကင်နိုင်ငံတော်သည် ၀ါလာဝါအရပ်၊(၀ါရှင်တန်မြို့၊၁၈၆၇မှ၁၈၈၁အထိ)တည်ရှိသည်ဟု ယုံကြည်သောနောက်ဆုံးသောနေ့သူတော်စင်အုပ်စုအဖွဲ့ ၏ခေါင်းဖြစ်သည်။ ထိုသူသည်တပည့်တပန်းများအားသူသည်ကောင်းကင်တမန်မင်း(Michael)ဖြစ်ပြီး ဟိုယခင်သမ္မာကျမ်းစာခောတ်အာဒံ၊အဗြံဟံနှင့်ဒါဝိဒ် တို့ခောတ်တွင်အသက်ရှင်နေထိုင်ခဲ့သူဖြစ်သည်ဟုပြောခဲ့သည်။ သူ၏ပထမသားဦးArthur(1868)ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၁)ရက်တွင်မွေးဖွားလာသောအခါ ဤကလေးသည်ယေရှုခရစ်တော်ပြန်လည်ဝင်စားသောသူဖြစ်သည်ဟုကြော်ငြာခဲ့သည်။ ဒုတိယသားဒါဝိဒ်(၁၈၆၉)ခုနှစ်တွင်မွေးဖွားလာသော အခါထိုသား သည်ခမည်းတော် ဘုရားဝင်စား သည်ဟုကြေငြာခဲ့သူလည်းဖြစ်သည်။
Mirza Ghulam Ahamd(1835-1908,India)
နောက်ဆုံးသောအချိန်၌ကြွလာမည်ဟု စောင့်မျှော်ခြင်းခံရသောမေရှိယဖြစ်ကြောင်းကြေငြာခဲ့သူဖြစ်သည်။ ထိုသူသည်ဘုရားသခင်စေလွှတ်သောသူဖြစ်ပြီး လူသားများ၏ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်ဖို့ရန်ဘုရားသခင်စေလွှတ်ခြင်းခံခဲ့ရသောသူဖြစ်သည်ဟုဆိုသည်။
၂၀-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ
Haile-SelassieI(1892-1975)
၁၉၃၀-ခုနှစ်တွင် အီသီယိုးပီးယား၏ပြည့်ရှင်ဖြစ်လာခဲ့ပါသည်။ဗျာဒိတ်ကျမ်း၅း၅တွင်ဗျာဒိတ်ပြုထားသောမေ ရှိယပြန်လာခြင်းဖြစ်သည်ဟုပြောဆိုသည်။သူ့အား သူ့နောက်လိုက်များကဒုတိယအကြိမ်ကြွလာသောယေ ရှုခရစ်ဖြစ်သည်ဟုယုံကြည်ကြသည်။
Laszlo-Toth(1940-)
ဟန်ဂေရီလူမျိုး၊သြစတေးလျနိုင်ငံသား၊ သူ့ကိုယ်သူယေရှုခရစ်တော်ဟုပြောခဲ့သည်။
Wayne Bent(1941-) သူ့ကိုယ်သူဘုရားသခင်ဝင်စားသောသူ၊ လူ့ဇာတိနှင့်ဘုရားဇာတိအပြည့်အ၀ပါရှိသောသူဖြစ်သည်ဟုကြော်ငြာ်ခဲ့သည် သူသည်၂၀၀၈ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် လိင်မှုဆိုင်ရာရာဇ၀တ်မှုကျူးလွန်သူဟု တရားရုံးမှတရားစွဲဆိုခြင်းခံရသောသူဖြစ်သည်။
Ariffin Mohammed(1943-)
သူသည်မလေးရှားနိုင်ငံ၌ ၁၉၇၅ခုနှစ်တွင်(skykingdom)“မိုးကောင်းကင်ကောင်းကင်နိုင်ငံတော်”အဖွဲ့ကိုတည်ထောင်ခဲ့သည်။ သူသည်ကောင်း ကင်နိုင်ငံနှင့်တိုက် ရိုက်အဆက်အသွယ်ရှိ သူဟုကြေငြာခဲ့သည်။ သူ၏နောက်လိုက်များက သူ့အားသခင်ယေရှုခရစ်ဝင်စားသူ၊ ကုလားဘုရား shiva ဗုဒ္ဓနှင့်မိုဟာမက်ဝင်စားသူဖြစ်သည်ဟုယုံကြည်ကြသည်။
Mitsuo Matayoshi(1944-)
အယူသီးဂျပန်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ၁၉၉၇ခုနှစ်တွင်သူသည်ဘုရားသခင်နှင့်ယေရှုခရစ်တော်ဖြစ် သည်ဟု ဆိုလျှက်World Economic Community-Partyကိုတည်ထောင်ခဲ့သည်။ သူ့နာမ်မည်အားယေရှုမာတာယိုရှီဟုပြောင်းခဲ့သည်။ သူ့အစီအစဉ်အရယေရှုခရစ်တော်ကဲ့သို့နောက်ဆုံးသော တရားစီရင်ခြင်းကိုပြု လုပ်မည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိနိုင်ငံရေးစနစ်အတိုင်းကျင့်သုံးမည်ဖြစ်သည်။
Jose Luis de Jesus Miranda(1946-)
သူသည်ဖလော်ရီဒါပြည်နယ်၊ မီယာမီ၌“ကျေးဇူးတော်၌ကြီးပွားခြင်း” အဖွဲ့အစည်းကိုတည်ထောင်သူဖြစ်သည်။ သူ့ကိုယ်သူရှင်ပြန်ထမြောက်သောခရစ်တော် ဟု၂၀၀၇ခုနှစ်တွင်ကြေငြာခဲ့သည်။
Inri Cristo(1948-)
ဘရာဇီးလူမျိုး၊ နက္ခတ်တဗေဒပညာရှင်ဖြစ်ပြီး၊ သူ့ကိုယ်သူ ၁၉၆၉ခုနှစ်၌ ဒုတိယအကြိမ်ယေရှုခရစ်တော်ပြန် လည်ဝင် စားသောသူဖြစ်သည်ဟုပြောဆိုခဲ့သည်။
Thomas Harrison Provezano(1949-2000)
အမေရိကန်နိုင်ငံသား၊ စိတ္တဇလူသတ်သမားဖြစ်ပြီး သူအသတ်ခံရခြင်းသည်ယေရှုခရစ်တော်လက်ဝါးကဒ် တိုင်၌အ သေခံခဲ့ခြင်းကိုထပ်တူပြုခဲ့သည်။
Shoko Asahara(1955-) ၁၉၈၄ခုနှဏ်တွင် aum shinrikyoဂျပန်ဘာသာရေးအဖွဲ့ကိုတည်ထောင်ခဲ့သည်။ သူ့ကိုယ်သူခရစ်တော်၊ ဂျပန်နိုင်ငံ အတွက်ပြည့်ဝစုံလင်သောအလင်း တရားကိုပေးမည့်အရှင်သခင်နှင့် ဘုရားသခင်၏သိုးသူ ငယ်ဖြစ်သည်ဟုကြေငြာခဲ့သည်။ ၁၉၉၅ခုနှစ်၊မတ်လ(၂၀)ရက်တွင် တိုကျိုမြို့မြေအောက်ရထားလှိုင်ဂူ၌အဆိပ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့သောသူဖြစ်သည်။သူ့အားသေဒဏ်ပေးခဲ့သည်။
David Koresh(1959-1993) ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ့ကိုယ်သူယေရှုခရစ်တော်၊နောက်ဆုံးသောပရောဖက်၊ဘုရား သခင်၏သားတော်၊သိုးသူငယ်ဖြစ်သည်ဟု ၁၉၈၃ခုနှစ်တွင်ကြေငြာခဲ့သည်။ ၁၉၉၃ခုနှစ်တွင် FBI မှဝန်းရံထားကာအပြန်အလှန်ပစ်ခတ်ကြပြီးအဖွဲ့ဝင်(၆၅) ဦးသေဆုံးပြီး ထိုအထဲမှ(၂၁)ဦးသည်ကလေးငယ် များဖြစ်သည်။
ဆရာသန်းဇော်မိုးသင်ခန်းစာအားကိုးကားဖေါ်ပြခြင်းဖြစ်ပါသည်။