သင့်အားလွတ်မြောက်ခြင်းအခွင့်ပေးတော်မူသောသမ္မာတရား
__ယောဟန်၊၁၈း၃၃-၃၈။ ယောဟန်၊၈း၃၁-၄၇။
အပြစ်ပြုသူတိုင်းသည်အပြစ်၏ကျေးကျွန်ဖြစ်သည်။ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်မတက်ခင်လေးမှာပိလတ်မင်းကယေရှုခရစ်တော်ကို”သင်သည် ရှင်ဘုရင်မှန်သလော့”ဟုမေးမြန်းခဲ့ပါ တယ်။ ဒီတော့ယေရှုခရစ်တော်က ”မင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည်ငါ့စ ကားကိုနားထောင်ကြသည်”ဟုပြန်လည်ဖြေကြားခဲ့ပါတယ်(ယောဟန်၊၁၈း၃၇)။ ဒီတော့ပိလပ်မင်းက”သမ္မာတရားကားအဘယ် သို့နည်း” ဟုထပ်မံမေးခဲ့ပါတယ်။ဟုတ်ပါတယ် ဒီမေးခွန်းကိုကျွန်ုပ်တို့လည်းမေးနိုင်ပါတယ်။ သမ္မာတရားဆိုတာဘာလဲဆိုတဲ့မေးခွန်းပေါ့။ ကျွန်ုပ်တို့ ဟာသမ္မာတရားမရှိတဲ့ကိုယ်ရာကိုယ်စိုင်းတဲ့ခေတ်ကာလတစ်ခုမှာ လာရောက်အသက်ရှင်နေတဲ့သူတွေဖြစ်ကြပါတယ်။ သမ္မာတရားဟာ စိတ်နှလုံးသားတိုင်းမှာ ကိုယ့်မျက်စိနဲ့မှန်တယ်လို့မြင်တဲ့အရာတွေအဖြစ်ရှိနေကြပါတယ်။ လူသားတိုင်းမှာကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ထားတဲ့ သမ္မာတရားနဲ့ဘ၀ကို နားလည်တဲ့ပုံစံတွေအမျိုးမျိုးရှိကြပါလိမ့်မယ်။ ဘုရားသခင်ရဲ့သမ္မာတရားဆိုတာကတော့ သမ္မာတရားတွေအားလုံး ပါဝင်နေတဲ့ အချုပ်အခြာသမ္မာတရားပါပဲ(All truth is God’s Truth)။ဒါကြောင့်အလုံးစုံသော၊ ပြီးပြည့်စုံသောလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တစ်ခုက ”သမ္မာတရားအလုံးစုံဟာဘုရားသခင်ရဲ့ သမ္မာတရားဖြစ်လာဖို့အတွက် လိုအပ်ချက်မဟုတ်ပါ။ဘုရားသခင်သည်သာ သမ္မာတရားအားလုံးအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီလိုနားမလည်နိုင်အောင်လုပ်ဆောင်ထားခြင်းဟာ စာတန်ရဲ့ကြီးမားတဲ့လှည့်ဖြား လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။ လူတွေအသီးသီးကသမ္မာတရားဆိုပြီး ကိုယ်ပိုင်အမြင်တွေနဲ့သတ်မှတ်ထားတဲ့သမ္မာတရားတွေဟာ ပြီးပြည့်စုံတဲ့သမ္မာတရားမဟုတ်ပါဘူး။ အထက်မှာဖေါ်ပြထားတဲ့ ဘုရားသခင်ရဲ့ဒီသမ္မာတရားတွေဟာ အားလုံးသောသမ္မာတရားတွေ စုပေါင်းထားတဲ့ဘုရားသခင်ရဲ့သမ္မာတရားထဲက အစိတ်အပိုင်းလေးတစ်ခုလောက်ပဲဖြစ်ပါတယ်။ ဒါကိုသင်ဘယ်လိုထင်ပါသလဲ။ အခြားကွဲလွဲတဲ့ထင်မြင်မှုမျိုးရှိနေလား၊ ဒါမှမဟုတ်စောစောကဖေါ်ပြသလို” ဘုရားသခင်ရဲ့သမ္မာတရားဟာအားလုံးသောသမ္မာတရား များရဲ့အချုပ်အခြာ”လို့ပဲဖြစ်သင့်ပါသလား။ မိတ်ဆွေ………သမ္မာတရားကိုနည်းလမ်းအမျိုးမျိုးနဲ့ကမ္ဘာအနှံရှာနေကြတုန်းပါပဲ။ သမ္မာတရား ဟာကျွန်ုပ်တို့ထင်နေတာထက်ကို နီးနီးလေးမှာရှိနေပါတယ်။ ဒီကနေ့ယေရှုခရစ်တော်ကကျွန်ုဖက်ကနေ မားမားမတ်မတ်အခိုင်အမာ ထုပ်ဖေါ်ပြထားတာကတော့ သူဟာဘုရင်တကာတို့ရဲ့ဘုရင်၊ သခင်တကာတို့ရဲ့သခင်ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါကြောင့်ယေရှု ခရစ်တော်က”ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏၊ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်းတော်ထံသို့ မရောက်ရ”လို့အတိအလင်းမိန့်တော်မူခဲ့ပါတယ်(ယောဟန်၊၁၄း၆)။ အများသောသူများဟာဒါကိုနား မလည်နိုင်ခြင်း ၊အပြစ်သံသယာထဲ ကနေရုန်းမထွက်နိုင်ခြင်း စတဲ့ချုပ်နှောင်မှုထောင်ခြောက်ထဲမှာနေနေကြရတုန်းပါပဲ။ သင်ကောမိတ်ဆွေ။ ဒီနေ့ပဲ သမ္မာတရား ကမိတ်ဆွေကိုအဲဒီအချုပ်အနှောင်တွေထဲကနေ ကယ်တင်ပါစေ။ မိတ်ဆွေဟာဒီအပြစ်သံသယာဝဲဂယက်ထဲမှာပိတ်မိနေပါ သလား၊ သမ္မာတရားကိုကိုယ့်ထင်ကြေးနဲ့ဒီတသက်မကုန်နိုင်မခမ်းနိုင်အောင်ရှာဖွေနေပေမဲ့ထူးခြားမှုမရှိလို့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပါသလား။ တစ်ခုပဲရှိပါတယ်…..မိတ်ဆွေရဲ့အတွင်းနှလုံးသားထဲကနေယေရှုခရစ်တော်ဘုရား ကျွန်ုပ်ကို ဒီအခြေအနေကနေလွတ်မြောက်ခွင့်ပေးပါ လို့ဆန္ဒပြုလိုပါသလား၊အခုချက်ချင်းသမ္မာတရားကိုရရှိလိုပါသလား။ယေရှုခရစ်တော်က” သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရား သည်သင်တို့ကိုလွတ်လိမ့်မည်(ယောဟန်၊၈း၃၂)။ အဲဒီအခါကျယင်မိတ်ဆွေအနေနဲ့သမ္မာတရားကို သိရုံသာမကထိုသမ္မာတရားက မိတ်ဆွေကို လှည့်ကွက်အမျိုးမျိုး၊ ပိတ်ဆို့မှုအမျိုးမျိုး၊ သံသယာအမျိုးမျိုးကနေကယ်တင်ပြီး လွတ်မြောက်ခွင့်ကိုပေးပါလိမ့်မယ်။ မိတ်ဆွေ လွတ်မြောက်ချင်ပါသလား၊ယေရှု ခရစ်တော်ထံသို့လာပါ၊ယေရှုခရစ်တော်ရဲ့သမ္မာတရားကို သိကျွမ်းအောင်လုပ်ဆောင်ပါ။ ထိုသမ္မာတ ရားက သင့်ကိုအမှန်စင်စစ်လွတ်မြောက် ခွင့်ကိုပေးပါလိမ့်မယ်။..အာမင်။ |
_ဆင်ခြင်ရန်။
ကျွန်ုပ်ယေရှုခရစ်တော်ထံသို့ လာသောအခါ၊ ကိုယ်တော့၏သမ္မာတရားက ကျွန်ုပ်ကိုအပြစ် ၏အလုံးစုံသော ၀ဲဂယက်ထဲမှ လုံးလုံးလျား လျားလွတ်မြောက်ခွင့်ကိုပေးပါသည်။ ဆုတောင်းချက်။ အဖဘုရားသခင် ကျွန်ုပ်အား ထာဝရလွတ် ရခြင်းအခွင့်ကိုပေးတော်မူသော ယေရှုခရစ် တော်နှင့်ကိုယ်တော်၏သမ္မာတရားအတွက် အလွန်ကျေးဇူးတင်လှပါ၏။ |
ခရစ်တော်၌မတည်သောသူသည်အဘယ်အမှုကိုမျှမတတ်နိုင်
_ယောဟန်၊၁၅း ၁-၁၁
ခရစ်တော်၌တည်ရှိခြင်း အဓိက အချက်မှခရစ်ယာန်အသက်တာအတွက် အချုပ်အခြာကျသောသင်ရံစာ (၄)မျိုးအားဆင်ခြင်ရန်ဖြစ်ပါသည်။ယင်းတို့မှာ- ၁။ခရစ်ယာန်မှန်လျှင်ခရစ်တော်အပေါ်အကြွင်းမဲ့မှီခိုအားထားသူဖြစ်ရမည်။ ၂။ခရစ်ယာန်မှန်လျှင်ခရစ်တော်နှင့်သဏ္ဍာန်တူလာရန်အသက်တာကိုပုံသွင်းပြုပြင်ခြင်းခံသောသူဖြစ်ရမည်။ ၃။ခရစ်ယာန်မှန်လျှင်ခရစ်တော်၏မိန့်မှာတော်မူချက်(စကားတော်)၌တည်နေသောသူဖြစရမည်။ ၄။ခရစ်ယာန်မှန်လျှင်ဆုတောင်းခြင်းအသက်တာရှိရမည်။ ခရစ်တော်၌မတည်လျှင် ကျွန်ုပ်တို့အဘယ်အရာကိုမျှမတတ်နိုင်ပါ။ အထက်ဖေါ်ပြပါအချက်(၄)ချက်အတိုင်းကြိုးစားအသက်ရှင်လျှောက် လှမ်းမှသာခရစ်ယာန်များတို့တွင်ရှိရမည့် ၀ိညာဉ်အသီးများသီးပွင့်နိုင်ပေမည်။ အသီးမသီးသောခရစ်ယာန်မှန်သမျှသည်သခင် ခရစ်တော် အတွက်အချီးအနှီးသုံးမရသောအသက်တာဖြစ်ပြီး အသီးမသီးသောစပျစ်ကိုင်းကို ခုတ်ပစ်သကဲ့သို့သခင်ခရစ်တော်မှပေးသောဆုကျေး ဇူးတော်များနှင့်ဝေးကွာသွားရလိမ့်မည်။ ဤအချက်သည်ခရစ်ယာန်တစ်ဦးစီတိုင်းအတွက်အလွန်သတိရှေ့ ထားလုပ်ဆောင်အသက်ရှင် ရမည့်အချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ခရစ်ယာန်အားလုံးအနေဖြင့် သခင်ခရစ်တော်၏နာမတော်ကိုမိမိအသက်တာ၌၀န်ခံကတိပြုထား သည့်အတိုင်းခရစ်တော်၌တည်သကဲ့သို့ ခရစ်တော်၏စကားတော်သည်လည်း ခရစ်ယာန်များတို့၏အသက်တာ၌တည်ရန်စောင့်ထိန်း ရပေမည်။ ထို့အတူအချိန်တိုင်းစိတ်နှလုံးပါလျှက် ဆုတောင်းပဌနာပြုခြင်းအမှုကိုအမြဲပြုကြရပေမည်။ ထိုသို့မဟုတ်ပါကဘုရား သခင်ပေးသောစစ်မှန်သောဝမ်းမြောက်ခြင်းကိုခံစားရမည်မဟုတ်ပေ။ အသက်တာတွင်ခရစ်တော်မိန့်မှာတော်မူချက်အတိုင်းအောင်မြင်မှု အသီးအပွင့်မသီးပွင့်ခြင်းကြောင့် ခရစ်တော်အားဖြင့်ခံစားရမည့်ဝမ်းမြောက်ပျော်ရွှင်မှုနှင့်ဝေးကွာသွားရပေလိမ့်မည်။ထို့ကြောင့်ဘုရားသ ခင်ဖက်ကပေးနေသောအရာများကိုမိမိတို့ရရှိအောင်ဆောင်ရွက်ဖို့ချီတုံချတုံဖြစ်နေပါက ထိုကျေးဇူးတော်များသင့်အဖိုပကြံကြာနေပါလိမ့် မည်။သင့်အသက်တာ၌အမှန်တကယ်ဝမ်းမြောက်ခြင်းများရှိလိုပါက ယခုပင်မဆိုင်းမတွခရစ်တော်၏နှုတ်ကပတ်တော်အတိုင်းအသက်ရှင် ရန်၊ လိုက်လျှောက်ရန်အစပြုပါ။ ထို့ကြောင့်နှုတ်ကပတ်တော်မှဖေါ်ပြထားသည်မှာသင်တို့၌၀မ်းမြောက်စရာအကြောင်းစုံလင်စေရန်သခင် ဘုရားအလိုတော်ရှိတော်မူကြောင်းကို (ယောဟန်၊၁၅း၁၁)တွင်"သင်တို့၌၀မ်းမြောက်စရာအကြောင်းတည်စေခြင်းငှာလည်းကောင်း၊ သင်တို့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာလည်းကောင်း ဤစကားကိုသင်တို့အားငါဟောပြော၏"ဟုဖေါ်ပြထားပါသည်။ကျွန်ုပ် တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏၀မ်းမြောက်ခြင်းတည်ရှိစေမည့်အကြောင်းနှင့် ကျွန်ုပ်တို၌၀မ်းဝမ်းမြောက်ခြင်းအကြောင်းအမြဲစုံ လင်နေစေရန် ဘုရားသခင်အလိုတော်ရှိကြောင်းနှုတ်ကပတ်တော်အားဖြင့်သိရှိရပါသည်။ ကျွန်ုပ်တို့သည်ခရစ်တော်မပါရှိသောအသက် တာဖြင့်အသက်မရှင်ကြရန်နှင့် သခင်ခရစ်တော်မပါလျှင်အဘယ်အှုကိုမျှမစွမ်းဆောင်နိုင်ကြောင်းကိုအစဉ်သတိပြုတတ်ဖို့ရန်အရေးကြီးပါ သည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အားကူညီမစပါစေသော်------အာမင် |
_ဆင်ခြင်ရန်။
ယုံကြည်သူတစ်ဦးအဖြစ်...ပြောင်းလဲလာပြီး နောက်ပိုင်းတွင်..နှစ်သက်သောအကိုသည် လုပ်ဆောင်နိုင်ခြင်းမှာအဘယ့်ကြောင့်နည်း။ ဆုတောင်းချက်။ ကောင်းကင်ဘုံရှင်အဖဘုရား..အကျွန်ုပ်စိတ် နှလုံးထဲ၌၀မ်းမြောက်ခြင်း၊ပျော်ရွှင်ခြင်းအခွင့် ကိုပေးသနားတော်မူပါ...........အာမင်။ |
မျှော်လင့်ချက်မီးပြန်လည်တောက်လောင်စေသောဖြစ်ရပ်
_လုကာ၂၄း၁၃-၃၂
ဆာလံ၊ ၁၁၉း၈၁ အကျွန်ုပ်ဝိညာဉ်သည်ကယ်တင်တော်မူခြင်းကျေးဇူးကိုတောင့်တလျှက်နှင့်ခွန်အားလျော့ပါ၏ သောကြာကြီးညနေပိုင်း၌ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာ ဧမောက်မြို့ကိုသွားနေတဲ့ ခရစ်တော်ရဲ့တပည့်တော်များနဲ့ကလောဖအတွက် ဦးနှောက်ထဲမှာမြင်ယောင်ပြီးစွဲနေပါတယ်။ သူတို့နေရာမှာကျွန်ုပ်တို့သာဆိုယင်ဘယ် လောက်တောင်စိတ်တွေခြောက်ခြား၊စိတ်တွေ ရှုပ်ထွေး၊စိတ်ဂနာမငြိမ်ဖြစ်လိမ့်မလဲမသိဘူး။ ယုံကြည်ကိုးစားစရာကောင်းလို့နောက်တော်ကိုတောင်လိုက်ခဲ့ကြတဲ့သူတို့ရဲ့သခင်၊ သူတို့ ကိုအရမ်းချစ်ရှာတဲ့သခင်ယေရှု လက်ဝါးကဒ်တိုင်ပေါ်မှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အသေသတ်ခြင်းမျိုးကိုခံလိုက်ရပြီ။ ခရစ်တော်ယေရှု အသေသတ်ခြင်းခံရတဲ့နေရာဟာအောက်တန်းတကာအောက်တန်းထဲမှာ မှအောက်အကျဆုံးနေရာ ၊ရှက်စရာနေ ရာမျိုးတွေထဲမှာမှ ရှက်စရာအကောင်းဆုံး၊အယုတ်ညံ့ဆုံးနေရာဖြစ်ပါတယ်။ ဒါ့အပြင်အင်မတန်ရက်စက်ကြမ်း ကြုပ်လှတဲ့ညှင်းပန်းနှိပ် စက်ခြင်းတွေကိုလည်း သခင်ယေရှုခရစ်တော်ခမျာ နာကြင်ဝေဒနာတွေကိုအထွဍ်အထိပ် ရောက်အောင်ကြိတ်မှိတ်ခံခဲ့ရပါတယ်။ အဲဒီခေတ်အခါတုန်းက အဲဒီလိုစီရင်မှုမျိုးဟာပြောမဆုံးတဲ့ရှက်စရာအားလုံးထဲမှာမှရှက်ဖို့အကောင်းဆုံး၊ အယုတ်ညံ့ဆုံး၊အောက်တန်းအကျ ဆုံးပါပဲ။လူတကားမြင်အောင်လက်ဝါးကဒ်တိုင်ပေါ်မှာသံနဲ့ရိုက်ထားပြီးသေတာတောင် အရှက်တကွဲအကျိုးနဲပြီးသေစေတဲ့စီရင်ချက်ဖြစ်ပါ တယ်။ ခရစ်တော်ဘုရားအသေသတ်ခြင်းမခံမှီတပတ်လောက် သံလွင်ခက်တနင်္ဂနွေနေ့ကဆိုယင် သခင်ယေရှုကိုလူအုပ်လူအုပ်ကြီး ကဟောရှဏ္ဏဖြစ်စေသတည်းဆိုပြီးတော့ သံလွင်ခက်တွေဝှေ့ယမ်းပြီးသောင်းသောင်းဖျဖျဆီးကြိုခဲ့ ကြတာကိုတပည့်တော်တွေအနေ နဲ့တွေ့ခဲ့ရပါသေးတယ်။အဲဒီတုန်းကဆို သခင်ယေရှုပြောထားတဲ့စကားတော် ကိုတောင်အောင်းမေ့ပြီးဟုတ်ပါလားခရစ်တော်ကငါတို့ကို ဆိုးညစ်တဲ့ရောမအာဏာပိုင်တွေလက်ထဲကနေ ကယ်နှုတ်တော့မယ်ဟေ့ဆိုပြီး တပည့်တော်တွေဆီမှာမျှော်လင့်ချက်အတွေးတွေအ များကြီးရှိခဲ့ကြမှာပဲ(မဿဲ၊၂၁း၉)။ ဒါပေမဲ့အခုတော့အဖြစ်အပျက်တွေအားလုံးဟာ မထင်မှတ်ပဲပျောက်ခြင်းမလှပျောက်ဆုံးကုန်ပါပြီ။ အခုမြင်နေရတာကအသက်မရှိတော့တဲ့သခင့်ရဲ့ရုပ်အလောင်း ၊စည်းတံဆိပ်ခတ်ထားတဲ့ဂူပဲရှိပါတော့တယ်။ မျှော်လင့်ချက်တွေလည်း လုံးဝလုံးဝကွယ်ပျောက်သွားပါပြီ။ပုံအောထားသမျှအားလုံး သဲထဲရေသွန်လိုက်သလိုပါပဲ။ ဒါကြောင့်နောက်တော်လိုက်တပည့်တော်တွေ လည်း အယင်တုံးကလိုသာမန်အသက်တာနဲ့အသက်ရှင်ဖို့ပဲရှိပါတော့တယ်။ ဒါကြောင့်တပည့်တော်တွေထဲကနှစ်ဦးလည်းကိုယ့်နေရာ ကိုယ့်ဒေသကိုပြန်ဖို့အလာအပြန်လမ်းမှာ-“သချိုင်းမှာ ခရစ်တော်မရှိတော့ဘူး ဂူတံခါးကြီးလည်းပွင့်လို့”ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါ သူတို့ရဲ့စိတ်ပျက်လက်ပျက်မျော်လင့်ခြင်းကင်းမဲ့နေတဲ့စိတ်တွေကို လုံးဝနိုးဆွပေးလိုက်သလိုပါပဲ။ စိတ်ဓါတ်ကျနေတာတွေလည်းလုံးလုံး လျားလျားကွယ်ပျောက်စေခဲ့ပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျနေတဲ့တပည့်တော်(၂)ယောက်ရဲ့မျော်လင့်ချက်အထွဒ်အထိပ်ကတော့ “ထိုသူသည် ဣသရေလအမျိုးကိုရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည်အထက်ကမြော်လင့်ကြပြီ” ဆိုတဲ့မြော်လင့်ချက်ပါပဲ (လုကာ၊၂၄း၂၁)။မြော်လင့်ခြင်းဟာ ကျွန်ုပ်တို့ကိုလွတ်မြောက်ခြင်းအခွင့်ကိုလွယ်ကူစွာရစေပါတယ်။ ဒီနေရာမှာမျော်လင့်ချက်မရှိတော့ တာနဲ့ချက်ချင်းဆိုသလို စိတ်ဓါတ်ကျခြင်းကိုဖြစ်စေပါတယ်။ ဘယ်တော့မှ ဖြစ်မလာတော့ပါဘူးကွာဆိုတဲ့စိတ်တွေ လည်းရှိလာပါတယ်။ ဒါထက်ဆိုးတာကနောက်နောင်ဘာကိုမှ မမျှော်လင့်ရဲသလောက်ဖြစ်သွားတတ်ပါတယ်။ ဘာလို့လဲဆိုယင်..နောက်တစ်ကြိမ်ဒီလိုစိတ်ဓါတ် ကျစရာကို မရင်ဆိုင်ချင်တော့လို့ပါပဲ။ ဒါပေမဲ့မျော်လင့်ချက် မြဲမြံခိုင်ခန့်မှု၊ပျက်စီးပျောက်ကွယ်သွားတာတွေဟာကိုယ့်ရဲ့ ယုံကြည်မျော် လင့်မှုပမာဏအပေါ်မှာပဲ အခြေခံနေပါတယ်။ ဒါကြောင့်ပိုပြီးယုံကြည်ချက်များလေလေ ပိုပြီးမျော်လင့်ခြင်းတွေခိုင်မာလေလေ ပါပဲ။နှလုံးသားတစ်ခုကို မျော်လင့်ချက်မီးပြန်လည်တောက်လောင်စေတဲ့ အတွေ့အကြုံတိုင်းဟာအဲဒီနှလုံးသားရဲ့မျော်လင့်ချက်တွေ ကိုပြန်လည်အသက်ရှင်စေခြင်း၊အသက်သွင်းပေးလိုက်ခြင်းပါပဲ။ |
_ဆင်ခြင်ရန်။
ခရစ်တော်နဲ့သာဆိုယင်...ကျွန်ုပ်တို့ရဲ့မျော်
လင့်ခြင်းတွေအဆုံးမရှိပါ…..ခရစ်တော်မပါ ယင်တော့ဘာမျော်လင့်စရာမှ ...ကျွန်ုပ်တို့ အတွက်မရှိတော့ပါ…. ဆုတောင်းရန်။ အဖဘုရား......ခရစ်တော်ယေရှုအားအချိန် တိုင်းမျော်လင့်နေတတ်သူဖြစ်ရန်ကူမတော် မူပါ။အာမင်။ |