ကျွန်မကိုချစ်ပါတယ်
_
"အမြင့်ဆုံးသောဘုရားသခင်၏ကွယ်ကာရာဌာနတော်၌နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကိုခိုရလိမ့်မည်။ ထာဝရဘုရားသည်ငါခိုလှုံရာငါ၏ရဲတိုက်၊ ငါကိုးစား ရာဘုရားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏"(ဆာလံ။၉၁း၁-၂)။ "သူသည်ငါကိုချစ်သောကြောင့်၊သူ့ကိုငါကယ်နုတ်မည်။ငါ၏နာမကိုသိသောကြောင့် သူကိုငါချီးမြှောက် မည်၊သူသည်ငါ့ကိုခေါ်သောအခါ သူ့ဖက်မှာနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်းထင်ရှားစေမည်။ ရှည်သောအသက်နှင့်သူကိုရောင့်ရဲစေ၍ငါ၏ကယ် တင်ခြင်းကျေးဇူးကိုသူ့အားငါပြမည်။"(ဆာလံ။၉၁း၁၄-၁၆) ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါ၊ဘုရားသခင်ရဲ့ဂရုဏာတော်သက်သက်ကြောင့် ပါလို့ဝန်ခံပါရစေ။ အရမ်းအရမ်းကိုတုန်လှုပ်ခြောက်ခြားစေတဲ့အဖြစ်အပျက်ပါ။ ဘယ်သူ့ကိုပဲမေးမေးရောဂါရဲ့နာမည်ကိုကြားလိုက်ရုံနဲ့သွေးပျက် သွားလောက်အောင်ကြောက်စ ရာကောင်းတဲ့ရောဂါဆိုးတစ်မျိုးပါ။ဒါထက်ပိုးဆိုးတာကလူတွေရဲ့အသက်ကို လွယ်လွယ်လေးနဲ့အသက်နုတ်ယူနိုင် တဲ့ရောဂါဆိုးကြီးပေါ့။အဲဒီလိုရောဂါဆိုးကြီးကနေ လွတ်မြောက်ရခြင်းအခွင့်၊လုံးလုံးလျားလျား သက်သာပျောက်ကင်းချမ်းသာခွင့်ကိုပေးခဲ့တဲ့ အံ့သြဖွယ်ကြီးမြတ်တဲ့ဘုရားရှင်ရဲ့အနန္တမေတ္တာတော်နဲ့တန်ခိုးတော်ကို ဘယ်လိုနဖူးတွေ့ဒူးတွေ့ခံစားခဲ့ရသလဲဆိုတာစာဖတ်ပရိသတ်ရှေ့မှာ သက်သေခံချင်တာကလည်းတစ်ကြောင်း၊စာဖတ် ပရိတ်သပ်တွေထဲမှာကျွန်မလိုခံစားနေရတဲ့ သူတွေရှိယင်လည်းဘာမှကြောက်စရာမလိုပါဘူး၊ ဘုရားသခင်အနေနဲ့ကယ်မနိုင်မှုပေးနိုင်ကြောင်း ခွန်အားပေးချင်တဲ့စိတ်နဲ့ကျွန်မရင်ဆိုခဲ့ရတဲ့အဖြစ်အပျက်ကို သက်သေခံဝေငှရခြင်းဖြစ်ပါတယ်။ အချိန်အားဖြင့်……..၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလထဲမှာဖြစ်ပါတယ်။ ကျွန်မ၏သွေးသားလည်ပတ်မှု(ဓမ္မတာ) မူမမှန်ကိုသံသယရှိ လို့OGဆရာဝန်တစ်ယောက်နဲ့စမ်းသပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့ပါသည်။ ပထမတော့ ဓမ္မတာ မူမမှန် တာကလွဲလို့လုံးလုံးကျန်းမာနေလို့ဆရာဝန်ထံမပြဘဲနေခဲ့မိပါတယ်။ ဒါပေမဲ့ဘုရားသခင်ကကျွန်မရဲ့ စိတ်နှလုံးသားကို လာပြီး ထိတွေ့လာတဲ့အတွက်အယင်တုံးက သမီးငယ်လေးကိုမွေးဖွားပေးဖူးတဲ့ Dr. Daw Aye Aye Tint (OG) နှင့်ပြခဲ့မိပါ တယ်။ ဆရာဝန်ရဲ့စမ်းသတ်စစ်ဆေးမှုတွေအပြီး မှာတော့ကျွန်မ၏သား အိမ်ခေါင်းထဲမှာ(1.5 cm)ပမာဏခန့်ရှိတဲ့ အသားပိုလေး ရှိနေတာကို စမ်းသတ်တွေ့ရှိခဲ့ရပါတယ်။ ဆရာဝန်ကဒီအသားပိုလေးကို ဆေးရုံတက်ပြီးခြစ်ထုတ်လိုက်ယင် အားလုံးကောင်းသွားလိမ့်မယ်၊ အခုခံစားနေရတဲ့ ဓမ္မတာမှုမမှန်ရတာ ကလည်းဒီအသားပိုကြောင့်ပဲလို့ပြောပါတယ်။ ဒါနဲ့ပဲဆရာဝန်ကြီးရဲ့ညွန်ကြားချက်နဲ့ဗဟို အမျိုးသမီးဆေးရုံမှာအဲဒီအသားပိုလေးကိုခြစ်ယင်းသားအိမ်ကိုပါတစ်ခါ တည်းခြစ်ထုတ်ခဲ့ပါသည်။ဆေးရုံခွဲခန်းက တာဝန်ယူလုပ်ပေးခဲ့တဲ့ ဆရာဝန်တွေတောင်သံသယမရှိကြဘူး။ ဘာလို့လဲဆိုတော့သားအိမ်အနေအထားကမထင် ရလောက်အောင် ကိုကောင်းမွန်နေလို့ပါ။ုပြီးတော့အယင်းတုံးကကျွန်မထည့်ထားခဲ့တဲ့ IUD သန္ဒေတားပစ္စည်းကိုထုတ်လိုက်တယ်။ သားအိမ်လည်းခြစ်တယ်။ သားအိမ်ချစ်ပြီးတာနဲ့ IUDအသစ်တစ်ခုပြန်ထည့်ပေးလိုက်ပါသေးတယ်။ ဒါနဲ့ခြစ်ထုတ်လိုက်တဲ့အသားစတွေကိုစစ်ဆေးဖို့ဓါတ်ခွဲခန်းပို့ခဲ့တာပေါ့။ တပတ် လောက် အကြာမှာတော့အဖြေထွက်လာခဲ့ပါတယ်။ကျွန်မလုံးဝမမျှော်လင့်ထားတဲ့၊ ဆရာဝန်ဆရာမတွေအား လုံးကလည်းဖြစ်နိုင်စရာအကြောင်း လုံးဝမရှိပါဘူး။ မဖြစ်နိုင်ပါဘူးဆို တဲ့ ကျွန်မအရမ်းကြောက်တဲ့ကင်ဆာ ဆဲလ်တွေ ကျွန်မခန္ဓာထဲမှာရှိနေပြီဆိုတဲ့အဖြေပါ။ကျွန်မလုံးဝမကြားချင်တဲ့သားအိမ်ခေါင်းကင်ဆာဆိုတဲ့ရော ဂါဆိုးကြီးကို အခုကျွန်မကိုယ်တိုင်နဖူးတွေ့ဒူးတွေ့စတင်ရင်ဆိုင်လိုက်ရပါတော့တယ်။ဒါနဲ့ဆရာဝန်တွေ အားကိုးတကြီးကျွန်မမေးမိခဲ့ပါတယ်။ကျွန်မအခြေအနေက ခွဲစိတ်လိုက်ယင်ကောင်းနိုင်မလားလို့ဆိုပြီးတော့ပေါ့။ ဆရာဝန်တွေကတော့ဒါမျိုးကခွဲပြီးမှပဲသိရမယ်လို့ပြန်ပြောတော့ကျွန်မရဲ့စိုးရိမ်ပူပန်သောကစိတ်တွေဟာ ဟိုးအ ထွဋ်အထိပ်ကိုရောက်သွားပြီးခိုကိုးရာမဲ့ ခြုံးပွဲချငိုချခဲ့ရပါတယ် ။အော်-ကျွန်မဟာခရစ်တော်ယေရှုကို ယုံကြည်တဲ့ခရစ်ယာန်ယုံကြည်သူုတစ်ယောက်ဖြစ်ပေမဲ့ ငါ့ရဲ့ယုံကြည်မှုဟာအရမ်းကိုအားနည်းခဲ့လို့ အခု လိုမျိုးငါဆီမှာဒီကင်ဆာရောဂါရှိရတာဆိုပြီးခံစားခဲ့မိပါတယ်။ တုန်လှုပ် ခြောက်ခြားတဲ့ စိတ်တွေရော၊ ဘာဖြစ်လို့ ငါ့ကိုမှလာဖြစ်ရတာလဲဆိုတဲ့မေးခွန်တွေနဲ့အတူယူကျုံးမရ၀မ်းနည်းရပြီး ဆောက်တည်ရာ မရဖြစ် ခဲ့ရပါတယ်-တကယ်ပါရှင်။သိပ်မ ကြာပါဘူး။ကျွန်မစိတ်ထဲမှာ-ငါယုံကြည်ကိုးကွယ်တဲ့ ဘုရားရှင်ဟာ သေခြင်းကိုအောင်မြင်တဲ့အသက်ရှင်တဲ့ဘုရား၊ခေါ်ရင်ထူးပြီး၊အရာခပ်သိမ်းကိုလည်းတတ်နိုင် တဲ့ဘုရားဆိုတဲ့ အသိစိတ်တွေ အံ့သြစရာကောင်း လောက်အောင်ဝင်လာခဲ့ပါတယ်။ဒါဘုရားရှင်ကကျွန်မကို စကားစပြောတာပဲလေ။ အဲဒီခဏအတွင်းမှာပဲကျွန်မနှလုံးသားထဲကို အသိစိတ်တွေ ၀င်လာပြီးတကယ့်ကို ဘယ်သူမပေးနိုင်တဲ့စိတ်နှလုံးငြိမ်သက်မှုကိုခံစားရရှိခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ကျွန်မရဲ့ဆေးကု သရမဲ့အစီအစဉ်တွေအားလုံး ကိုမျှော်လင့်တဲ့စိတ်၊အားကိုးခိုလှုံတဲ့စိတ်တွေနဲ့ဘုရားရှင်ဆီမှာပုံအပ်ခဲ့ပါတော့တယ်၊ အမြဲလိုလိုဘုရားရှင်ဆီမှာ ဆုတောင်းခွန်အားယူယင်းအဲဒီ သားအိမ်ခေါင်းကင် ဆာရောဂါနဲ့တိုက်ပွဲ ဆင်နွဲလိုက်ပါတော့တယ်။
ပထမဦးဆုံးအနေနဲ့ သားအိမ်ထုတ်ဖို့ခွဲစိတ်မှုကို (GreenCross)ပုဂလ္ဂိကဆေးရုံမှာ ပြုလုပ်ခဲ့ရပါတယ်။(Major Operation)ဖြစ်တာတောင်ကျွန်မမကြောက်တော့ ပါဘူး။ အံ့သြစရာပါပဲ၊ ဒီလိုစိတ်မျိုးကိုဘုရားသခင်ကပေး လိုက်တာပေါ့။ ညီမလေးတွေ၊မိသားစုတွေ၊ မိတ်ဆွေတွေအပေါင်းအသင်း၊သူငယ်ချင်း၊ဓမ္မဆရာအသင်း အဖွဲ့ များအားလုံးရဲ့ဝိုင်းပြီးဆုတောင်းပေးခဲ့ကြပါတယ်။ကျွန်မကိုယ်တိုင်ကလည်းဘုရားရှင်အပေါ်ယုံကြည်တဲ့စိတ်၊ အားကိုးတဲ့စိတ်၊ မျှော်လင့်တဲ့စိတ် အပြည့်နဲ့ခွဲစိတ်မှုကို ရင်ဆိုင်ခဲ့ပါတယ်။ အယင်တုံးကတော့ ခွဲစိတ်ခန်းထဲ ငါဝင်ယင် ငါ့စိတ်ကိုဘယ်လိုအားတင်းထားရမလဲဆိုတဲ့ စိုးရိမ်ထိပ်လန့်စိတ်တွေနဲ့ကြိုပြီးတွေးပူမိပေမဲ့ အံ့သြစ ရာပါဘုရားရှင်ရဲ့အားပေးမှု၊ ကွယ်ကာစောင့်မမှုတွေကြောင့် ခွဲစိတ်ခန်းထဲမှာလည်းစိတ်တည်တည်ငြိမ်ငြိမ်နဲ့ ၀မ်းမြောက်မှုကိုခံစားခဲ့ရပါတယ်။ဘုရားရှင်ရဲ့ကျေးဇူး သက် သက်ကြောင့် ခွဲစိတ်ချိန်(၃)နာရီနီးပါးလောက်ကြာ ခဲ့ပေမယ့်စိတ်ထဲမှာခဏလေးလိုပဲခံစားခဲ့ရပါတယ်။ အဲဒါအပြင် ခွဲစိတ်ခ်ျိန်တစ် လျှောက်လုံးလည်း စိတ်အာရုံ ကြည်ကြည်လင်လင်ရှိပြီးဘုရားသခင်နဲ့စကားပြောရင်း၊ဆုတောင်းရင်း၊သီချင်းဆိုရင်းကျော်လွှားနိုင်ခဲ့ပါတယ်။ အယင်တုံးကဆို ယုံကြည်ခြင်းအားနည်းခဲ့တဲ့ကျွန်မ ဗဟိုအမျိုးသမီးဆေးရုံမှာ သားအိမ်ခြစ်ဖို့ ခွဲစိတ်ခန်းဝင်ခဲ့တုန်းကဆို အကြောက်လွန်စိတ်တွေကြောင့် အာရုံတွေရှုပ်ထွေးလာပြီးကိုယ်နဲ့စိတ်မကပ်တော့သလိုစိတ်လွတ်
သွားသလိုမျိုးရင်ဆိုင်ဘူးပါတယ်။ အဲဒီတုန်းက မိနစ်(၄၀)လောက်ပဲကြာတဲ့( Minor Operation)ဖြစ်ပေမယ့်ခွဲခန်းထဲကထွက်ပြီ ဆိုတာနဲ့တင်( ICU )ထဲမှာ နာရီ အတော်ကြာနေမကောင်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ဒီတစ်ခါတော့ဘုရားရှင်အလုံးစုံကို တတ်နိုင်တယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ချိန်မှာတော့ Major ခွဲစိတ်တာ(၃)နာရီကြာခဲ့ပေမယ့် စိတ်ပေါပေါ့ပါးပါးနဲ့ခဏလေးပဲလို့ခံစားရလောက်အောင်ဘုရားရှင်ရဲ့မေတ္တာကိုကျွန်မခံစားသိရှိခဲ့ရပါတယ်။ ဒါအပြင် နောက်ထပ်ဘု ရားသခင်ကျွန်မအပေါ် အံ့သြဖွယ်ရာအမှုတစ်ခုပြခဲ့ပါသေးတယ်။ ခွဲစိတ်ခန်းထဲမ၀င်ခင်ညကပေါ့ မနက်ဖြန် ခွဲစိတ်ခန်းဝင်ရ တော့မယ်ဆိုတော့ ဒီည(၁၀း၀၀) နာရီလောက်ထဲက စပြီးဘာမှမစားမသောက်ဖို့ ဆရာဝန်တွေကမှာထားပါတယ်။ ခွဲစိတ် ခံဖူးတဲ့သူတိုင်းသိမှာပါ။ကျွန်မကိုလည်း မနက်ဖန်ဆိုခွဲစိတ်ခံရမဲ့ လူနာဖြစ်နေတော့ ဒီည(၁၀း၀၀)နာရီကထဲ ကစပြီးဘာမှ မစားမသောက်ဖို့ လာမှာသွားပါတယ်။ဒါတင်မကဘူး ဆရာမတွေကပိုပြီးစိတ်ချရအောင် ကျွန်မကိုည(၆း၀၀) နာရီလောက်မှာဝမ်းချူပါသေးတယ်။ဝမ်းချူလိုက်တော့ဗိုက်တအားဟာပြီးလူကလည်းနှုံးခွေ၊ဘာမှလည်းထပ် မစားဖြစ်တော့ဘူးပေါ့။ ဒီလိုနဲ့(၁၀း၀၀)နာ ရီကျော်လောက်ကျတော့ကျွန်မလည်းဘာမှ မစားတော့ပဲဆုတောင်းပြီးအိပ်လိုက်ပါတယ်။ ဒါပေမယ့်(၁၁း၃၀) လောက်ကျတော့ ဗိုက်အရမ်းကိုဆာလာပြီး ရင်တွေတုန် ချွေးသီးချွေးပေါက်တွေကျလာ ပြီးနေလို့ကိုမရအောင်ဖြစ်လာတာပေါ့။ အဲဒီတော့ကျွန်မစဉ်းစားမိတယ်။ ဒီတိုင်းဆိုရင် ဒီညတော့ပြဿနာပဲအိပ်လို့ လည်းပျော်မှာမဟုတ် တော့ဘူး။ လူလည်းတော်တော်အနေရခက်နေပြီ၊ နောက်နေ့မနက်ဆိုယင်လည်းခွဲရတော့မယ်။ကျွန်မဆုံးဖြတ်ချက်ခိုင်ခိုင် မာမာပဲချလိုက် ပါတယ်။ လူမတတ်နိုင်တာအားလုံးဘုရားတတ်နိုင်တယ်။ဆရာဝန်တွေကကျွန်မကိုအန္ဒရယ်ဖြစ်မှာစိုးလို့ မစားမသောက်ဖို့မှာထားပေမယ့်လည်း။ ဘယ်လိုမှမရတော့ တဲ့အဆုံး ဘုရားရှင် သမီးတော့ကိုယ်တော့ကိုအားကိုးပြီး ကျွန်မပူတင်းပေါင်မုန့်၁လုံး၊ကိတ်မုန့်၁ချပ်၊ ရေတစ်ခွက်အ၀သောက် လိုက်မိပြီသမီးကိုစောင့်ရှောက်တော် မူပါဆိုပြီးဆုတောင်းအကူအညီတောင်းခဲ့မိပါတယ်။ လူလည်းအစာဝင်သွားတော့မှပဲငြိမ်သွားပြီးနေလို့ထိုင်လို့ကောင်းသွားတယ် ။နောက်တစ်ရက် ခွဲစိတ်တဲ့အ ခါကျေးဇုးတော်သက်သက်ကြောင့်ပါပဲ။ စားထားတဲ့အစားအစားတွေကြောင်ဘာပြဿနာမှာမဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ဘုရားရှင်ကျွန်မကိုချစ်ပါ လား၊ စောင့်ရှောက်ပါးလားဆိုတဲ့ကြည်နူးမှု၊၀မ်းမြောက်မှုတွေကို ပိုပြီးတော့ခံစားခဲ့ရပါတယ်။ ခွဲစိတ်မှုလည်အောင်မြင်စွာပြီးခဲ့ပါတယ်။ ကျွန်မခွဲစိတ်ခန်းထဲမနက်၉း၀၀ နာရီဝန်းကျင်လောက်ကထဲက၀င်ခဲ့ရတာ ၁၂း၀၀နာရီလောက်ကျမှပြန်ထွက်ခဲ့ရပါတယ်။ဒီအချိန်တလျှောက်လုံးကျွန်မရဲ့ညီမလေး(၂)ယောက်၊ ကျွန်မရဲ့အလွန်ချစ်ခင် ရတဲ့ကျွန်မရဲ့MD.ဒေါ်သီတာမိုးနဲ့ ကျွန်မရဲ့အမျိုးသားတွေက ခွဲခန်းအပြင်မှာ ဆုတောင်းရင်းစောင့် နေခဲ့ကြပါတယ်။ ခွဲစိတ်မှုအောင်မြင်တယ်၊ အားလုံးကောင်းတယ် ဆိုတဲ့အဖြေကိုလည်းရခဲ့ပါတယ်။ ခွဲခန်းထဲကထွက်ပြီးခဏမှာပဲကျွန်မတခါမှမခံစားဖူးတဲ့ အရမ်းကိုနာကျင်တဲ့ဝေဒနာကိုခွဲစိတ်ဒဏ်ရာကနေ နာရီအတော်ကြာအောင်ခံ စားခဲ့ရပါတယ်။ အနာသက်သာအောင်ဆေးထိုးဆေးထည့်လုပ်ပေးပေမယ့်နာတာနဲနဲမှလျော့မသွားပါဘူး။အဲဒီမှာကျွန်မရဲ့ချစ်ခင်ရတဲ့လုပ်ဖော်ကိုင်ဖက်ဆရာမတွေဖြစ် တဲ့Teacher Joesaphine နဲ့ Teacher Kinsana တို့ကအနားမှာစောင့်ရှောက်ဆုတောင်းပေးကြပါတယ်၊ အားလည်းပေးကြပါတယ်။ ပျော်စရာတွေပြောကြတယ်၊ ဘုရားရှင်ရဲ့ဂရုဏာတော်အကြောင်းတွေဝေငှရင်း ကျွန်မကိုနှစ်သိမ့်မှုတွေပေးခဲ့ကြပါတယ်။ ကျေးဇူးတော်ပါပဲ၊ ညနေစောင်းရောက်တော့စောစောက ခံစားရတဲ့နာ ကျင်မှုတွေတဖြည်းဖြည်းသက်သာလာပြီးညလောက်မှာ လုံးဝပျောက်ကင်းသက်သာသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့်(၇)ရက်လောက် ဆေးရုံမှာနေရမယ့်အနေအထားမှာ
(၄)ရက်နဲ့ဆင်းခွင့်ရခဲ့ပါတယ်။ ပြီးတာနဲ့OGမှ သူ့လုပ်ဆောင်ချက်များပြီးတာနဲ့ ကင်ဆာဆရာဝန်ကြီးဆီလွှဲပေးပါတယ်။ ထက်ရောင်ခြည်အထူးကု ဆရာဝန်ကြီး နဲ့တွေ့ပြီးချိန်မှာတော့ ကင်ဆာအဆင့်က(၁)မှာပဲရှိတဲ့ earlystageပါပဲ။ ကောင်းကောင်းမွန်မွန်သေချာကုသယင် ပျောက်ပါ တယ်ဆိုတဲ့အဖြေကလည်း ကျွန်မကိုအား အများကြီးတက်စေခဲ့ပါတယ်။ ဆေးတစ်လတကြိမ်နဲ့ ခြောက်ကြိမ်သွင်းရမယ်။ ဓါတ်ကင်ရမယ်၊စသဖြင့်ညွှန်ကြားချက်တွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ သားအိမ်ခွဲစိတ်မှုအပြီးတစ်ပတ်အကြာမှာဘဲ chemo frist circle ကိုစတင်သွင်းခဲ့ပါတယ်။ ပထမဦးဆုံးအတွေ့ အကြုံနဲ့ခွဲစိတ်မှုပြီးတာမကြာသေး တာကြောင့်တစ်ကြောင်း ဆေးဒဏ်မခံနိုင်တာကြောင့်တစ်ကြောင်း ဆေး(၅)ရက်သွင်းပြီး (၆)ရက်မြောက်နေ့မှာ လေမလည်၊ ၀မ်းမသွား၊ ဗိုက်အောင့်၊ ဗိုက်နာပြီး၊ ဗိုက်ကြီးပူလာတာပဲ အစာလည်းမ၀င်တော့ဘူး။ မခံနိုင်တဲ့အဆုံး(၇)ရက်မြောက်နေ့ရဲ့နေခင်းမှာ-Rose Hill ဆေးခန်းပြေးရတော့တာပါပဲ။ ဆေးရုံးရောက်ပြီး နာရီဝက် လောက်မှာပဲ shork ရတော့တာပါပဲ။ ဆေးရုံ(၃)ရက်ထပ်တက်ခဲ့ရပါတယ်။ ပြန်ကောင်းဖို့သွင်းပေးတဲ့ဆေးထဲမှာ-အလွန်အမင်းကိုမခံနိုင်အောင် နာကြင်တဲ့ဒဏ်ကိုခံစားရတဲ့ဆေးလည်းပါတယ်တဲ့။ ဒီဆေးကိုအကြောထဲထည့်တာနဲ့ နာလွန်း လို့တက်တာပါလို့ပြောတယ်။ အားတင်းတောင့်ခံရင်း First Circle ဆေးသွင်းခြင်း ကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဆေးကတစ်လကိုတစ်ကြိမ်၊ တစ်ကြိမ်ကို(၅)ရက်၊ တစ်ရက်ကို (၆)နာရီဝန်းကျင် ဆေးသွင်းရပါ တယ်။ ဆေးသွင်း ရန်စတဲ့နေ့ကစပြီး ဆေးသွင်းပြီးသုံးလေးရက်အကြာမှာ အားလုံးရှစ်ရက်နဲ့ဆယ်ရက်ကြားမှာဆေးဒဏ်ကိုဆိုးဝါးစွာ ခံစားရပါ တယ်။ အန်ချင် တယ်၊ နှုံးခွေတယ်၊ဘာမှမစားနိုင်ဘူး။ အားပြတ်သလိုခံစားရတယ်။ ရင်ပူတယ် (၁၀)ရက်ဝန်းကျင်လွန်သွား ယင်ပြန်နေကောင်းလာမယ်။ အဲဒီအခါ အားပြန်မွေးပြီးနောက်တစ်ကြိမ်ဆေးသွင်းဖို့ထပ်ပြင်ဆင်ရပါတယ်။ ကျေးဇူးတော်သက်သက်ကြောင့်နဲ့ ဘုရားသခင်ရဲ့ခွန်အားပေးမစမှုကြောင့်စောက်ရှောက်ကယ်မ သနားမှုကြောင့်ဆေးသွင်းခဲ့တဲ့အခေါက် တိုင်း ကျွန်မသွေးမသွင်းခဲ့ရပါဘူး။ ဆေးဒဏ်ကိုခံနိုင်လောက်တဲ့ သွေးအဖြေများအခေါက်တိုင်းမှာရရှိခဲ့ပါတယ်။ Presure လည်းအမြဲမှန်နေပါတယ်။ဆရာဝန်ကပြောထားပါတယ်။ ဆေးသွင်းယင်း လိုအပ်ရင် သွေးဖြူတွေတအားဆင်းယင် သွေး သွင်းရတတ်တယ်။ ဆေးဒဏ်ကြောင့် အသက်အန္ဒရယ်ပါရှိတယ်ဆိုတာ ကြိုပြောထားပါတယ်။ ဆေးသွင်းတဲ့အခေါက်တိုင်း ခွဲစိတ်မှုခံယူတုံးကအတိုင်းပဲ အန္ဒရယ်ရှိတယ်ဆို တာသိပါ တယ်။ ဆေးသွင်းဖို့သဘောတူပါတယ်ဆိုတဲ့ လူနာနဲ့လူနာရှင်ရဲ့ လက်မှတ်အမြဲထိုးရပါတယ်။ ဘယ်လောက်ပဲအန္ဒရယ်ရှိပါစေ ဘုရားရှင်အခွင့်မရှိယင် စာငှက်တစ်ကောင်တောင် မြေပေါ် ကျတဲ့အခွင့်မရှိခဲ့ပါဘူး။ ကျွန်မတစ်ကြိမ်ပြီးတစ်ကြိမ်ကျော်လွှားနိုင်ခဲ့ပါတယ်။ (၃)ကြိမ်ဆေးသွင်းပြီးတာနဲ့ ကျွန်မတောင်ကြီး မြို့ကိုဓါတ်ရောင်ခြည်နဲ့ကုသဖို့သွားခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ပါ တစ်ခါမှမရောက်ဖူးတဲ့ဒေသဖြစ်ပေမဲ့ လည်း အားလုံးအဆင်ပြေပြီး အရမ်းကောင်းတဲ့နေရာမှာ တည်းခိုဆေးကုသခွင့်ကိုရခဲ့ပါတယ်။ တောင်ကြီးကရင်နှစ်ခြင်း အသင်းတော်သို့ ဘုရားရှင်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီမှာတည်းခို ခွင့်ရဖို့ကျွန်မရဲ့ခင်မင်ရင်းနှီးရတဲ့ MBCU မှ ဆရာစောထူး အယ်ရဲ့မိတ်ဆွေ တောင်ကြီးကရင်နှစ်ခြင်းအသင်းတော်ရဲ့ လက်ထောက်သင်းအုပ်ဆရာဖြစ်တဲ့ ဆရာဂျဲနေ ရိုနဲ့မိတ်ဆက် ပေးခဲ့ပါတယ်။ ဘုရားရှင်ပြင်ဆင်လမ်းဖွင့်ပေးခဲ့တာကြောင့် ဆရာဂျဲနေရိုနှင့်ဆရာကတော် ဆရာမစနိုးတို့မိသားစုနဲ့အတူ ဓါတ်ရောင်ခြည်ငှာန (စပ်စံထွန်းဆေးရုံကြီး)မှာ ပင်စင်ယူတဲ့အထိအကြာကြီးအလုပ်လုပ်ခဲ့တဲ့ Sister အဖီးဒီးနာတို့က ကျွန်မကို ဆေးကုသမှုခံယူတဲ့ကာလတစ်လျှောက်လုံး လိုလေသေးမရှိကူညီစောင့်ရှောက်ခဲ့ကြပါတယ်။ ကျွန်မအတွက် အမြဲသတိယ ဆုတောင်းပေးခဲ့ကြတဲ့တောင်ကြီးကရင်နှစ်ခြင်းအသင်းတော်ရဲ့အဖသင်းအုပ်ဆရာကြီး ဆရာခါရီထူးနဲ့ အသင်းတော်လူကြီးများအားလုံးကိုလည်းကျွန်မအရမ်းပဲကျေးဇူး တင်ပါတယ်။ကျွန်မတည်းခိုတဲ့နေရာနဲ့ဓါတ်ကင်ရတဲ့စပ်စံ ထွန်း ဆေးရုံကြီး နဲ့ကိုဆိုက်ကယ်နဲ့သွားယင်(၁၀)မိနစ်ပဲကြာသလို ဆေးသွင်းဖို့ဆေးခန်းပြရတဲ့စိန် (၂)အထူးကုဆေးခန်းကိုလည်း (၅)မိနစ်ပဲကြပါတယ်။ ဒါတွေဟာ အံ့သြဖွယ်ရာဘုရားရှင်ပြင်ဆင်ပေးမှုတွေပါပဲ။ ဓါတ်ကင်တဲ့ကာလ (၅)ပတ်ကြာခဲ့ပါတယ်။ (၃)ပတ်မြောက်မှစပြီး ခံတွင်းပျက်တာရင်ပူတာတွေ စတင်ခံစားလာရ ပါတယ်။ ကျွန်မနဲ့အတူတောင်ကြီးကိုလိုက်ပါခဲ့ပြီး အနီးကပ်အားပေးပြုစုပေးခဲ့တဲ့ ကျွန်မရဲ့မိခင်နဲ့ခင်ပွန်းကိုလည်း အရမ်းကျေးဇူးတင်မိပါ တယ်။ အောင်မြင်စွာပဲ တောင်ကြီး ဓါတ်ရောင်ခြည်နဲ့ကုသမှုကိုခံခဲ့ရပါတယ်။ ရန်ကုန်ပြန်ရောက်ပြီးဆေးတစ်ကြိမ်ထပ်သွင်းပါတယ်။ (၅)ကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးတာနဲ့ဓါတ်အပ်စိုက်ကုသခြင်း Brakyနဲ့ထပ်လောင်းကုသခံယင် ပိုကောင်းတယ်ဆိုတဲ့ ဆရာဝန်ရဲ့ညွန်ကြားချက် ကြောင့် ဓါတ်အပ်စိုက်ဖို့ရက်ချိန်းယူတော့ ရက်ချိန်းက၂၀၁၃-(၁)လပိုင်းမှရတော့မယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ကျေးဇူး တော်ကြောင့်ကျွန်မရဲ့မွေးနေ့ကျရောက်တဲ့၂၀၁၂-ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့မှာပဲ ဘုရားရှင်ကကျွန်မကို မွေးနေ့ လက်ဆောင်အဖြစ်ရက်ချိန်းထပ်ရခဲ့ပါတယ်။ ဓါတ်အပ်စိုက်ကုသခြင်းမှာလည်း အတွေ့အကြုံမရှိလို့ တုန်လှုပ်ခဲ့ရပါသေး တယ်။ သူကလည်း မေ့ဆေးနဲ့ခွဲခန်းဝင်ရပါတယ်။အသက်အန္ဒရယ်ရှိတယ်ဆိုတာ သိရတော့ဘုရားရှင်ဆက်လက်ကယ်မပါ၊ စောင့်ရှောက်ပါ၊ဓါတ်အပ်စိုက်မှုအောင်မြင်အောင် မစပါဆိုပြီးဆုတောင်းခဲ့ပါတယ်။ တကယ့်ကိုဘုရားရှင်က ကျွန်မရဲ့ရင် တွင်းကနေလိုလိုလား လားတောင်းခံတဲ့ဆုတောင်းသံကိုနားညောင်းပါတယ်။ (၄၈)နာရီတိုက် ပိတ်ဓါတ်ရောင်ခြည်အခန်းထဲ မှာ-အဖေါ်ဆိုလို့မီးချောင်းတစ်ချောင်းရယ် Aircom တစ်လုံးရယ်၊ ကိုယ်အိပ်တဲ့ကုတင်တစ်လုံးရယ်၊စားပွဲတစ်လုံးဒါပဲရှိပါ တယ်။ နေ့လားညလားဆိုတာလည်းမသိရပါဘူး။ ဘုရားရှင်ကျွန်မနဲ့အတူရှိတယ်ဆိုတာ သိရှိခံစားရတဲ့အတွက် မကြောက် မရွံ့ပဲကျော်ဖြတ်နိုင်ခဲ့ ပါတယ်။ဓါတ်အားစိုက်ကုသမှုကို လည်းကျေးဇူး တော်ကြောင့်အောင်မြင်စွာလွန်မြောက်နိုင်ခဲ့ပါတယ်။ နှစ်ပတ်ကြာပြီး chemo last circleကိုသွင်းခဲ့ပါတယ်။ Treament ကိုအားလုံးပြီးစီးအောင်ကုသဖို့ အခွင့်ပေးခဲ့တဲ့ဘုရားရှင်ပါ။ ကျေးဇူးတော်ကြီးလှပါတယ်။ တကယ်တော့ ကျွန်မမှာဘုရားပေးတဲ့အသက်ပဲရှိ ပါတယ်။ ဆေးကုသမှုတစ်လျှောက်ကျွန်မကိုဖုံးနဲ့သော်လည်းကောင်း၊ ကိုယ်တိုင်လာရောက်အားပေးကြတဲ့ ကျွန်မကိုချစ်တဲ့ ကျွန်မရဲ့မိတ်ဆွေအပေါင်းအသင်း ဆရာသမားများနဲ့အတူ ကျွန်မကိုအမြဲသတိရပြီး ဖုန်းဆက်၍သော်လည်းကောင်း၊ ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးနှစ်သိမ့်ဆုတောင်းပေးခဲ့တဲ့ကျွန်မရဲ့ M.D ဆရာမကြီးဒေါ်သီတာမိုးကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်ဘုရားရှင်ဆီက ခံစားရတဲ့ကောင်းချီးတွေက ကင်ဆာဆေးကုသမှုခံယူတဲ့သူ ၉၀% ဆံပင်ကျွတ်ကျတဲ့အထဲမှာ ကျွန်မမပါခဲ့ပါဘူး၊ ပိန်လှီသွားခြင်းမရှိပဲ ပေါင် ၁၁၀ နဲ့ဆေးစကုတဲ့ကျွန်မဟာ အခုပေါင် ၁၃၀ရှိနေပါတယ်။ ဆေးကုသမှု တစ်လျှောက် လူမမာလို့မထင်ရဘူးနှော်ဆိုတဲ့အသံကို ကြားရတာလဲ ကျွန်မအတွက် အားတစ်ခု ပါပဲ။ဆေးကုသစရိတ် အစမှအဆုံးအထိငွေကုန်ကြေးကျ အများကြီးရှိခဲ့ပေမဲ့ ဘုရားရှင်ပြင်ဆင်လမ်းဖွင့်ပေးခဲ့တဲ့အတွက် ကိုယ်ရှိတဲ့အထဲက ယုတ်လျှော့သွားခြင်းမရှိဘဲ ကြွေးမတင်ပဲ ကုသခွင့်ရရှိခဲ့ပါတယ်။ ကျွန်မအပေါ်ထားတဲ့ဘုရားရှင်ရဲ့ ဂရုဏာမေတ္တာဟာကျွန်မရဲ့သားအိမ်ကို ထုပ်ဖို့ဖြစ်လာတာတောင်မှသားနဲ့ သမီးနှစ်ဦးပြည့်စုံစွာ မွေးဖွားရရှိခွင့်ပေးပြီးမှထုတ်ခဲ့ရတာပါ။ဖြစ်နေတဲ့ရောဂါကိုစော လျှင်စွာသိခွင့်ရအောင်လုပ်ပေးခဲ့တဲ့ဘုရားရှင်၊ ကုသမှုတစ်လျှောက်လုံးမှာ အတူရှိ ပြီးအစဉ်တစ်လျှောက်ကွယ်ကာခဲ့တဲ့ဘုရားရှင်ကိုအရမ်းပဲကျေးဇူးတော် ချီးမွမ်းပါတယ်။ ပေတရုရေပေါ်မှာလမ်းလျှောက်စဉ် ဘေးဘီကြည့်ပြီးစိုးရိမ်စိတ်နဲ့ ယုံကြည်ခြင်းအားနဲခဲ့ပေမဲ့ ရေထဲနစ်ခါနီးမှာ ဘုရားရှင်လက်ကမ်းကယ်နှုတ်ခဲ့တဲ့ အဖြစ်အပျက်ကလေးကလည်း ကျွန်မကိုနေ့တိုင်းခွန်အားရစေခဲ့ပါတယ်။တကယ်တမ်း ကျတော့ ဘုရားသခင်ဟာကျွန်မတို့ထင်သလိုဒဏ်ခတ်တဲ့ဘုရားမဟုတ်ပါ ဘူး။ဘေးဒဏ်သင့် ခံရတဲ့အကြောင်းရင်းဟာကျွန်မတို့ရဲ့လုပ်ဆောင်မှုကြောင့်ပဲဖြစ်ပါတယ်။ဘုရားရှင်ဟာအမြဲပဲမကုန်ဆုံးနိုင်တဲ့မေတ္တာနဲ့ ကျွန်မတို့ကိုချစ်တော်မူတဲ့ ဘုရားဖြစ်တော်မူကြောင်းကို ကျွန်မသိခွင့်ရသလိုပဲ၊ စာဖတ်ပရိတ် သပ်အားလုံးကိုလည်းသိစေချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ အနာဂတ်အသက်တာမှာ အလိုတော်ကိုဝန်ခံပြီး ဘုရားရှင်ပြင်ဆင်ခွင့်ပေးတဲ့ လမ်းကိုပဲလျှောက်ပြီးအသက်တာ ကိုဘုရားရှင်လက်ထဲအပ်နှံယင်း ဘုရားရှင် ဘုန်းတော်ထင်ရှားစေမဲ့အသက် တာမျိုးနဲ့ပဲ အသက်ရှင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အတိတ်ကာလမှာမှားမိခဲ့သမျှ အပြစ်အားလုံးအတွက်ကျွန်မကိုဘုရားရှင်ကပြတာပဲလို့ ကျွန်မခံယူခဲ့မိပါတယ်။ ဒါပေမဲ့ ဘုရားရှင်ကအမြဲပဲခွင့်လွှတ်နေပါတယ်။ ဒါကြောင့်ကျွန်မကို အသက်ရှင်လွတ်မြောက်ရခြင်းအခွင့်ကိုလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်မတို့ယုံကြည်ကိုးကွယ်တဲ့ ဘုရားရှင်ဟာ အနန္တတန်ခိုးရှင်၊ ချစ်ခြင်းမေတ္တာရှင်လောကကိုအောင်နိုင်တဲ့အရှင် ဖြစ်ပါတယ်။ အသက်ရှင်တဲ့ဘုရားကို အကြွင်းမဲ့ယုံကြည်ပြီးတောင်းလျှောက်တဲ့ ဆုတောင်းသံတိုင်းကိုလည်း အမှန်တကယ် နားညောင်းတော်မူပြီး အဖြေပေးပါတယ်ဆိုတာကိုလက်တွေ့ခံစားခဲ့ရတဲ့ ကျွန်မကနေပြီးတော့ စာဖတ်ပရိသတ်ကြီး ခွန်အားရဖို့ သက်သေခံဝေငှလိုက်ရပါတယ်။
ဒေါ်စီစီစိုး

မင်္ဂလာရှိသောဆုလဒ်
_သက်သေပေးပါ အဖဘုရား.., သက်သေပေးပါ.. ပေးပါလို့ 
အကြိမ်ကြိမ်တောင်းခံခဲ့စဉ်က သတိရသေးတယ်။ သူများတွေထက် ထူးခြားတဲ့
သက်သေကိုလည်း လို ချင်သေးတာကိုး။ ထင်ထားတာက တကယ်ပဲ ကြီးကြီးမားမား
ပြောင်းလဲ တိုးတက်တာမျိုး ၊ လူများတွေ ဟာ ကနဲ ဟင်ကနဲ
အံ့သြသွားစေချင်တာမျိုး သက်သေဖြစ် ချင်တာလေ။ အဲလိုတောင်းနေရင်းက လိုချင်တဲ့
သက်သေမရတဲ့အဆုံး သတ်သေချင်စိတ်ပဲ တစ်နေ့  တခြားဖြစ်လာတော့တယ်။ တောင်းတာလဲ
မပေးဘူးဆိုပြီး စိတ်ပါကောက်ချင်သလိုလို။
တကယ်တော့ ကျမတို့ ဟာ ဘုရားသခင်ကို ကိုယ့်သဘောအတိုင်း လိုက်လုပ်ပေးဖို့  ကိုယ့်ဆန္ဒတစ်ခုပဲ သိပြီး ဂျီကျ တောင်းဆို နေတဲ့ ခလေးငယ်တွေပါပဲ။ အသက် သာကြီးလာပြီး ဝိညာဉ်ရေးမှာ ကလေးဖြစ်နေတုန်း ၊ ပြောရမယ်ဆို ဘုရားကို တစ်ဖက်သတ် စိတ်ကောက်နေတတ်တုန်း ဆိုတာ ကို ပြန်လည် စဉ်းစားမိပါတယ်။ ဆိုနေ တဲ့ သီချင်းစာသားလေးက ..
ကိုယ်တော်ကို ကျွန်ုပ် ချစ်သည်.., ခပ်သိမ်းသောအရာများထက်,, အဖ,, ကိုယ်တော်သာတမ်းတနေ,, '
ခပ်သိမ်းဆိုသည်မှာ အားလုံးထက်ဟုဆိုလိုခြင်းဖြစ်ပါ၏။ ထိုအားလုံးထဲမှာ ကျွန်ုပ်တို့ မဖြတ်နိုင်သောအရာများကို နာမယ်ထည့်ပြီး စဉ်းစားကြည့်လိုက်ပါ။ ဥပမာ ဆေးလိပ်၊ ကွမ်း၊ ဘီယာ၊ ခိုင်နီး၊ ထီ၊ စသဖြင့် မိမိတို့ စွဲလန်းနေသော မကောင်းမှု အရာများကို အရင်ဆုံး ဖယ်ရှားပြီး မှ တကယ်ပဲ ကျွန်တော်ကျွန်မတို့ ၏ စွဲ လန်းရာက ကိုယ်တော်သာ ဖြစ်ကြောင်း ဆိုနေတဲ့ သီချင်းလေးက အသက်ဖြစ်ပြီး သက်သေဖြစ် လာမှာဖြစ်ပါတယ်။ တကယ်ပဲ မိမိ၏ စွဲလန်းရာကို စွန့် လွှတ်တိုင်း ကိုယ်တော့်ထံမှ ထိုက်တန်တဲ့ reward အမြဲရှိပါသည်။ ထိုအရာကို ကျမကတော့ ဇာတိနဲ့  ဝိညာဉ် တိုက်ပွဲဟု သတ်မှတ်ပြီး ကစားပွဲလို ပြိုင်လေ့ရှိပါတယ်။
ရှုံးခဲ့တာရှိသလို နိုင်လာတာတွေလဲ ရှိပါတယ်။ တစ်ဖြေးဖြေး နိုင်တာပိုများလာလေလေ၊ ကျမတို့ ထဲက ဝိညာဉ်ခွန်အားက ပိုပြီး သန်စွမ်းလာလေလေပါပဲ။
ကျမအတွက်တော့ ပျော်စရာအကောင်းဆုံး ကစားပွဲဖြစ်ပါတယ်။. လောကမှာ နေစဉ်ခဏ အတွက် နေ့ ရက်အစဉ် တိုင်းထိုကစားပွဲ၏ အောင်မြင်ခြင်း ဆုလာဘ်များ စွာရှိသလို ကောင်းကင်ထက်မှာလည်း သိုလှောင်ထား ပြီးသား လို့  ကျမ အလိုလို သဘောပေါက် မိပါတယ်။ မိမိအလိုကို ငြင်းပယ်တိုင်း ကိုယ်တော်အတွက်ဆိုတဲ့ ကိုယ်တော့်ကို တကယ်ချစ်ကြောင်း သက်သေပြဖို့  ကျမတို့  နှလုံးသားထဲမှာ စွဲမြဲစွာ ရှိနေစေပါ။ ငြင်းပယ်တိုင်းမှာ ပြန်ရလာမည့် မင်္ဂလာရှိသော ဆုလာဘ်များ ကို လက်တွေ့ မြင်လာ ပါလိမ့်မည်။ ထိုအခါ ကျမတို့  လိုချင်သော သက်သေ ၊ ကိုယ်တော်ကောင်းမြတ်ကြောင်း သက်သေများစွာကို ရရှိပြီဖြစ်သည်။
ဆုတောင်းချက်။
အဖ, အရာအားလုံးထက် အလိုချင်ဆုံးက ကိုယ်တော်ပါ။ ကိုယ်တော်မှလွဲပြီး ကျွန်ုပ်မှာ ခိုလှုံစရာမရှိပါ။ ကိုယ်တော်ထက်ပိုပြီး အဘယ်အရာကိုမျှ မစွဲလန်း မတပ် မက်တော့ပါ။ ခပ်သိမ်းသော အရာများထက် ကိုယ်တော် ကိုသာ တမ်းတကြောင်း ယနေ့ ကျွန်ုပ်ကို သက်သေပြုတော်မူပါအဖ။ သခင်ယေရှုနာမတော်၌ ဆုတောင်းပါ ၏။ အာမင်း။( To God be the glory )
ရတနာဦး